1. Home
  2. International News

ထိုင်းအမျိုးသမီးကို အဓ္ဓမပြုကျင့်သည်ဟု မလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိ စွပ်စွဲခံထားရ ရုပ်/သံ

International News มี.ค. 23, 2560 view 1,611
အသက် ၃၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးက မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးက သူမကို စစ်ကြောရေးအခန်းထဲတွင် အဓ္ဓမပြုကျင့်ခဲ့ကြောင်း အခိုင်အမာ စွပ်စွဲပြောဆိုခဲ့ကြောင်း မလေးရှား သတင်းစာတွင် ဖော်ပြထားသည်။
 
အဆိုပါ ထိုင်းအမျိုးသမီးသည် မလေးရှားနိုင်ငံ မလက်ကာမြို့ရှိ အနှိပ်ခန်းတစ်ခန်းတစ်ခုတွင် အနှိပ်သည်အဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ပြဿနာဖြစ်ချိန် မတ်လ ၇ ရက်နေ့ညတွင် ထိုင်းနိုင်ငံမှ အလည်လာသော သူမ၏ အစ်မဖြစ်သူနှင့် အခြားသူငယ်ချင်းတစ်ဦးလည်း အတူရှိနေချိန်ဖြစ်သည်။
 
သူမတို့အပြင် အခြားအမျိုးသမီး အလုပ်သမားသုံးဦးကို လူဝင်မှုကြီးကြပ်ရေး အရာရှိများက ဝန်းရံထားကြပြီး ည ၁၁ နာရီခန့်တွင် မလက်ကာရှိ မာချပ်အန်ဘူး လူဝင်မှုကြီးကြပ်ရေးရုံးသို့ ခေါ်ဆောင်သွားခဲ့ပြီး ဌါနရှိ စစ်ကြောရေးအခန်းထဲတွင် မုဒိန်းကျင့်ခံခဲ့ရကြောင်း ဖော်ပြထားသည်။
 
 
သတင်းစာရှင်းလင်းပွဲတွင် ကျူးလွန်ခံခဲ့ရသူ၏ အစ်မဖြစ်သူက သူတို့နှစ်ဦးကို သီးခြားအခန်းတစ်ခုစီ ခွဲခြားခေါ်ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ညီမဖြစ်သူ၏ စစ်ဆေးမှုသည် ၁၅ မိနစ်ခန့်ကြာမြင့်ပြီး စစ်ကြောရေးအခန်းမှ ပြန်ထွက်လာသော ညီမဖြစ်သူမှာ ဒေါသထွက်တုန်လှုပ်နေခဲ့တာကြောင့် မေးမြန်းခဲ့ရာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း သိရှိခဲ့ရသည်။
 
ကျုးလွန်ခံရသူ အမျိုးသမီး၏ ထွက်ဆိုချက်အရ အရာရှိက ပထမတွင် သူမကို နှိပ်နယ်ခိုင်းကြောင်း၊ ပြီးနောက် ပါးစပ်နှင့် လိင်အာသာဖြေခိုင်းခဲ့ပြီးနောက် အကာအကွယ်ကွန်ဒုံးပင် မသုံးပဲ အဓ္ဓမပြုကျင့်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
 
ညီမဖြစ်သူ အခန်းထဲမှ ထွက်လာချိန်တွင် ပျို့အန်ခဲ့ကြောင်း အစ်မဖြစ်သူက ပြောဆိုခဲ့ပြီး မလေးရှားတွင် သူတို့နေထိုင်လုပ်ကိုင်ကြသည်မှာ တရားဝင်ဖြစ်ကြောင်း အထောက်အထား စာရွက်စာတမ်းများကို သက်သေထုတ်ပြခဲ့ကြသည်။ အဆိုပါအမှုကို သက်ဆိုင်ရာမှ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။
 
Ref:NewStraitsTimes
 


Follow us on