1. Home
  2. International News

ကျောင်းလခမပေးတဲ့ ကျောင်းသားတွေကို ပိတ်လှောင်ထားတဲ့ အိန္ဒိယကကျောင်း

International News มี.ค. 23, 2560 view 1,471

အိန္ဒိယနိုင်ငံ အန်ဒရာပ ရာဒက်ရှ်ပြည်နယ်မှာရှိတဲ့ ကိုယ် ပိုင်စာသင်ကျောင်းတစ်ကျောင်းဟာ ကျောင်းလခပေးသွင်းဖို့ နောက်ကျတဲ့ ကျောင်းသူ ကျောင်း သား ၁၉ ဦးကို အခန်းထဲမှာ ပိတ် လှောင်ထား ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသက် ငါးနှစ်ကနေ ၁၄ နှစ် ကြားအရွယ် ကျောင်းသူ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့စနေနေ့က စာမေးပွဲဖြေဆိုကြရမှာ ဖြစ်ပေမဲ့လည်း တင်ရှိနေတဲ့ ကျောင်းလခ အကြွေးတွေကို မပေးနိုင်မချင်း စာမေးပွဲဖြေဆိုခွင့်ပေးမှာမဟုတ် ဘူးလို့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ပြောခဲ့ပါတယ်။

အဲသည့်နောက် ကျောင်းအုပ် ချုပ်ရေးအဖွဲ့က သူတို့ကို အခန်းတစ်ခန်းထဲ ခေါ်ဆောင်ခဲ့ပြီး နှစ်နာရီကြာ ပိတ်လှောင်ထားခဲ့ တယ် လို့ ဆိုပါတယ်။ ကလေးမိဘတွေက ရဲတပ်ဖွဲ့၊ တက်ကြွလှုပ်ရှားသူတွေနဲ့ မီဒီယာတွေကို ဆက်သွယ်ခေါ်ယူခဲ့ကြကာ ကျောင်းကို အပြေးအလွှား သွားရောက်ခဲ့ကြပြီး ကျောင်းအုပ် ချုပ်ရေးအဖွဲ့နဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းခဲ့ကြပါတယ်။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ကလေးတွေကို ပြန်လွှတ်ပေးခဲ့ပြီး စာမေးပွဲဖြေဆိုခွင့်ပြုခဲ့ပါတယ်။ ရဲတွေက သည်ဖြစ်ရပ်ကို စုံ စမ်း စစ်ဆေးနေဆဲပဲလို့ သိရပါတယ်။

Credit : kumudranews



Follow us on