1. Home
  2. International News

ဒူဘိုင်းရဲတပ်ဖွဲ့ပိုင် ကားတစ်စီး ကမ္ဘာ့အမြန်ဆုံး ရဲကားအဖြစ် စံချိန်တင်

International News มี.ค. 28, 2560 view 1,816

Bugatti Veyron ကားသည် အမြန်ဆုံးတစ်နာရီလျှင် ၄၀၇ ကီ လိုမီတာနှုန်းမောင်းနိုင်ပြီး မြင်း ကောင်ရေအား ၁၀၀၀ ရှိကာ ဆ လင်ဒါ ၁၆ လုံးပါ အင်ဂျင်ဖြင့် ၂ ဒသမ ၅ စက္ကန့်အတွင်း သုညကီ လိုမီတာမှ တစ်နာရီ ၉၇ ကီလိုမီ တာနှုန်းအထိ အရှိန်မြှင့်နိုင်သည်။ ယင်းကားကို ဒူဘိုင်းရဲတပ် ဖွဲ့က ၂၀၁၆ ဧပြီအတွင်း ကန် ဒေါ်လာ ၁ ဒသမ ၆ သန်းဖြင့် ၀ယ်ယူခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံ ချိန်အဖွဲ့၏ အဆိုအရ သိရသည်။

သို့သော် ယင်းကားသည် ဒူဘိုင်းရဲတပ်ဖွဲ့ရှိ ဈေးကြီးသော ခေတ်မီကားများစွာအနက် တစ် စီးသာဖြစ်ပြီး Aston Martin One -77၊ Lamborghini Aventador နှင့် Porsche Panamera SE- Hybrid ကားအမျိုးအစားများ လည်း ပိုင်ဆိုင်ထားကြောင်း GulfNews သတင်း၏ ဖော်ပြချက်အ ရ သိရသည်။ သို့သော် ယင်းကားများကို တွေ့လိုသော ကမ္ဘာလှည့် ခရီး သွားများနှင့် ပြည်သူများက ဒူဘိုင်းရဲတပ်ဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကာ ဓာတ်ပုံရိုက်လို ကြောင်း တောင်းဆိုနေကြ၍ ရယ်စရာဖြစ်နေကြောင်း ဒူဘိုင်းရဲတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ယင်းကားများသည် မြန်နှုန်းမြင့် လိုက်လံဖမ်းဆီးမှုများအ တွက် မဟုတ်သော်လည်း အထူး အခမ်းအနားများ (သို့မဟုတ်) ကမ္ဘာလှည့်ခရီးသွားများ လာ ရောက်ရာ နေရာများတွင် ဒူဘိုင်း ရဲတပ်ဖွဲ့၏ ပုံရိပ်ကောင်းကို ဖော် ပြရန် ရည်ရွယ်ထားသည်။

Credit : 7daydaily



Follow us on