1. Home
  2. International News

မြန်မာမြင်းသည်တော်များပုံ ဘန်ကောက်ပို့စ်၏ တနေ့တာ ဓာတ်ပုံကဏ္ဍ၌ဖော်ပြ

International News มี.ค. 28, 2560 view 1,805

အခုနှစ် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ထူးထူးခြားခြားပါဝင် စစ်ရေးပြခဲ့ကြတဲ့ မြန်မာတပ်မတော်က မြင်းသည်တော်တွေရဲ့ ဓာတ်ပုံကို ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာ ရဲ့ တစ်နေ့တာ ဓာတ်ပုံကဏ္ဍမှာ ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။ ဒီဓာတ်ပုံကို အီပီအေ သတင်းဌာနက ရိုက်ကူးထားတာဖြစ်ပါတယ်။

ဓာတ်ပုံကဏ္ဍမှာ ဘန်ကောက်မြို့ မိုးရွာထဲ ဘတ်စ်ကားစောင့်နေကြတဲ့ ခရီးသည်တွေရဲ့ဓာတ်ပုံ၊ ကမ္ဘောဒီယားနိုင်ငံက နေအိမ်တလုံးကို ထွန်စက်နဲ့ ဆွဲပြီးရွှေ့ဖို့ကြိုးစားနေတဲ့ ရွာသားတွေရဲ့ ဓာတ်ပုံ၊ တရုတ်နိုင်ငံက ချောက်ကမ်းပါးနံရံတံတားပေါ်က လှပျိုဖြူတွေရဲ့ ဓာတ်ပုံ၊ အိန္ဒိယက တံငါသည်မိသားစုတွေနဲ့ ၀ါရှင်တန်မှာပွင့်တဲ့ ချယ်ရီပန်းပုံရိပ်တွေလည်း ဖော်ပြထားပါတယ်။

Credit : burmese.dvb.no



Follow us on