1. Home
  2. International News

အိုင်အက်စ်နဲ့ ချိတ်ဆက်နေတဲ့ သံသယရှိဖွယ်လူကိုးဦးကို မလေးရှား ဖမ်းဆီး

International News มี.ค. 30, 2560 view 1,734

အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိတဲ့ မလေးရှားလူမျိုးကိုးဦးကို မလေးရှားရဲ့အကြမ်းဖက်မှုချေမှုန်းရေး တပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ သည်ဖမ်းဆီးလုပ်ဆောင်မှုအတွင်း တာပါရဲစခန်းကို တိုက်ခိုက်ဖို့စီစဉ်နေတယ်ဆိုတဲ့ စွဲချက်နဲ့ အသက် ၃၁ နှစ်အရွယ်ရှိ စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးကို ပီရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့စစ်ဆေးရေးမှူးချုပ် ခါလစ် အဘူဘာကာက ပြောပါတယ်။

သူဟာ ဖောက်ခွဲမှုတစ်ရပ်လုပ်ဖို့လိုအပ်တဲ့ ပစ္စည်းတွေအတွက် အင်ဒိုနီးရှားမှာရှိတဲ့ အိုင်အက်စ်အဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်ရှိ သလို အိုင်အက်စ်နဲ့ ပူးပေါင်းဖို့ မလေးရှားလူမျိုးတွေကိုလည်း တက်တက်ကြွကြွရှာဖွေစုဆောင်းပေးနေ သူလို့စွပ်စွဲထားပါတယ်။ ခါလစ်ရဲ့အဆိုအရ သည်စားသောက်ဆိုင်ဝန်ထမ်းဟာ ဖမ်းဆီးခံလိုက်ရတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်ကိုလည်းစည်းရုံး ခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ်သံသယရှိသူတစ်ဦးတော့ပြီးခဲ့တဲ့နှစ်က ချွန်းက မိုဗီဒါ ကလပ်ကို တိုက်ခိုက်ခဲ့တဲ့ အိုင်အက်စ်အ ဖွဲ့ခွဲဖြစ်တဲ့ ဘလက်ခရိုးအဖွဲ့ဝင်တစ်ဦးပဲ ဖြစ်ပါတယ်။သူဟာ ဆီးရီးယားမှာ န မည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မလေးရှား အိုင်အက်စ် အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့မူ ဟာမက်ဝမ်းဒီမိုဟာမက်ဂျီဒီ အတွက် ငွေကြေးထောက်ပံ့ပေးနေသူလို့ ယူဆရပါတယ်။

ဒါ့အပြင် ကီဒါမြို့မှာ ဖမ်းမိခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် မူလတန်းကျောင်း ဆရာတစ်ဦးကလည်း သူဟာ အဖွဲ့ဝင် အသစ်တွေရရှိဖို့အတွက် သူ့ဖေ့စ်ဘုတ်ခအကောင့်ကနေ အိုက်အက်စ်ရဲ့ သဘောတရားရေးရာတွေကို ပျံနှံ့အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ သည်သံသယရှိသူတွေထဲမှာ ဒါမှမဟုတ် ဖိလစ်ပိုင်တောင်ပိုင်းက အိုင်အက်စ်တွေနဲ့ ပူးပေါင်းဖို့အတွက် နိုင်ငံတွင်းကနေ ခိုးထွက်သွားဖို့ကြိုးစားနေတယ်လို့ ယူဆရတဲ့လုံခြုံရေးအစောင့် တစ်ဦး၊ အိုင်အက်စ်အတွက် လူသစ်စုဆောင်းပေးဖို့ ကြိုးစားနေတဲ့ ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဂျိုဟိုးပြည်နယ်က အသက် ၂၀ နဲ့ ၂၄ နှစ်အရွယ် နောက်ထပ်အမျိုးသားနှစ်ဦးတို့ ပါဝင်ပါတယ်။ မတ်လ ၁၅ ရက်နဲ့ ၂၁ ရက်မှာ ဆီလန်ဂေါ၊ ပီရက်၊ ကီဒါ၊ ကီလန်တန်နဲ့ ဂျိုဟိုးက လမ်းတွေပေါ်မှာ သည်စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာပါ။ ဖေဖော်ဝါရီလ ၂၂ ရက်ကနေစပြီး မလေးရှားတော်ဝင်ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့တဲ့ အိုင်အက်စ်တွေနဲ့ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူ မလေးရှားလူမျိုး ၂၃၄ ဦးရှိသွားပါပြီ။

Credit : kumudranews

photo : kumudranews



Follow us on