1. Home
  2. International News

ကြက်ဥတွေကို ကိုယ်တိုင်ဝပ်၍ သားဖောက်ရန်ကြိုးစားခဲ့သော ပြင်သစ်နိုင်ငံက အမျိုးသားတစ်ဦး

International News มี.ค. 30, 2560 view 1,506

ထူးခြားဆန်းပြားတဲ့ တင်ဆက်မှုတွေကိုမှ ရွေးချယ်လုပ်ဆောင်သူ ပြင်သစ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ယခုအခါလည်း ထူးဆန်းတဲ့ တင်ဆက်မှုတစ်ခုကို ထပ်မံ လုပ်ဆောင်နေပြန်ပြီ ဖြစ်ပါတယ်။ ယခုတစ်ခါမှာတော့ ကြက်ဥတွေကို သူကိုယ်တိုင်ဝပ်ပြီး သားဖောက်ပေးဖို့ ကြိုးစားခဲ့ပြန်တာဖြစ်ပါတယ်။ ပုံမှန်အနေနဲ့ကတော့ ကြက်ဥတွေကနေ အကောင်ပေါက်လာဖို့အတွက် ကြက်မကြီးက ၀ပ်ပေးဖို့ လိုအပ်တယ် ဆိုပေမယ့် ယခုတင်ဆက်မှုက အဆိုပါ ပြင်သစ်အမျိုးသားက ကြက်မကြီးအစား သူကိုယ်တိုင် ၀ပ်ပြီး ဥတွေကို သားဖောက်မှာ ဖြစ်ပါတယ်။ ယခုတင်ဆက်မှုကို လုပ်ဆောင်သူကတော့ အေဗရာဟမ် ပွိုင်ချီဗယ်ဆိုသူ ပြင်သစ်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။

ပါရီမြို့က ပြတိုက်တစ်ခုမှာ ယခုပါဖော့မန့် ကို တင်ဆက်နေတာဖြစ်ပြီး ၎င်းဟာ လေးထောင့်ပုံ ဖန်အိမ်တစ်ခုအတွင်း ပွိုင်ချီဗယ်က ဥတွေပေါ်မှာ ထိုင်ရင်း ၀ပ်ပေးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ယခု တင်ဆက်မှုဟာ သီတင်းပတ် သုံးပတ်ကနေ လေးပတ်လောက်အထိ ကြာမြင့်နိုင်မယ်လို့ ခန့်မှန်းထားပြီး ပွိုင်ချီဗယ်အနေနဲ့ တစ်နေ့တာ ၂၄ နာရီစလုံးမှာမှ နာရီဝက်သာ ခေတ္တအနားယူမှာဖြစ်ပြီး ကျန်အချိန်တွေမှာတော့ ဥတွေပေါ်မှာ ထိုင်ရင်း ၀ပ်ပေးနေမှာဖြစ်ပါတယ်။

ယမန်နေ့ မတ်လ ၂၉ ရက်ကတည်းက ယခုတင်ဆက်မှုကို စတင်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဥတွေကနေ အကောင်မပေါက်မချင်း ထိုင်ပြီး ၀ပ်ပေးနေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ် အနုပညာရှင် ပွိုင်ချီဗယ်ဟာဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ကျောက်တုံးတစ်တုံးထဲမှာ တစ်ပတ်ကြာ နေပြခဲ့တဲ့ တင်ဆက်မှုကို အောင်မြင်စွာ တင်ဆက်ပြသထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Credit : mizzimaburmese



Follow us on