1. Home
  2. International News

ကျောင်းသားအများစုအပါအဝင် လူ ၃၀၀ ကျော်သေဆုံးစေခဲ့သည့်တောင်ကိုရီးယားကူးတို့သင်္ဘောကို သုံးနှစ်ကြာမှ ပြန်လည်ဆယ်ယူ

International News มี.ค. 30, 2560 view 1,511

လွန်ခဲ့သည့်သုံးနှစ်နီးပါးခန့် ခရီးသည်ပေါင်း ၃၀၀ ကျော်နှင့် အထက်တန်းကျောင်းသား အများစုပါဝင်တဲ့ တောင်ကိုရီးယားကူးတို့ သဘောင်္ကြီးကို မတ်လ ၂၃ ရက်တွင် အောင်မြင်စွာဆယ်ယူနိုင်ခဲ့ပါတယ်။၂၀၁၄ ခုနှစ် ဧပြီလ ၁၆ ရက်က ဂျင်ဒိုကျွန်း အနောက်တောင်ဘက်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပါတယ်။ခရီးထွက်လာသည့် ကျောင်းသားအများဆုံးပါဝင်ခဲ့ပြီး သေဆုံးသူ ဦးရေ ၃၀၄ ဦးရှိခဲ့ပါတယ်။သင်္ဘောကြီး ကို ရေမျက်နှာပြင်သို့ ဝန်ချီစက်ဖြင့်မတင် ကာ ကမ်းခြေသို့ဆွဲ၍ယူဆောင်လာခဲ့ကြ သည်။သင်္ဘောကြီးသည် နှစ်ပတ်အတွင်း ဆိပ်ကမ်းသို့ရောက်ရှိလာမည်ဖြစ်ပြီး ဆိပ် ကမ်းတွင် သေဆုံးသူများ၏မိသားစုဝင် များလည်းရှိနေမည်ဖြစ်သည်။

သေဆုံးသူ ကိုးဦး၏အလောင်းများမှာ သင်္ဘောကြီးထဲ တွင် ပိတ်မိနေဆဲဖြစ်သည်ဟုယူဆရပြီး မိသားစုဝင်များ၏တောင်းဆိုမှုကြောင့် သ င်္ဘောကြီးကိုပြန်လည်ဆယ်ယူခဲ့ခြင်းဖြစ် သည်။အစိုးရအဖွဲ့ကလည်း ၆၈၂၅ တန် အလေးချိန်ရှိသည့်သင်္ဘောကြီးကိုပြန် လည်ဆယ်ယူရန်ကတိပြုခဲ့ပြီး သင်္ဘော ကြီးကိုဆယ်ယူသည့်လုပ်ငန်းစဉ်သည် အ ရှုပ်ထွေးဆုံးလုပ်ငန်းစဉ်များထဲမှတစ်ခု ဖြစ်ခဲ့သည်။ သင်္ဘောကို တရားမဝင်ဒီဇိုင်း ပြန်လည်ပြုပြင်ထားခြင်း၊ကုန်များအဆမ တန်တင်ဆောင်ခြင်း၊ယာဉ်လုပ်သားများ ၏အတွေ့အကြုံမပြည့်ဝခြင်းနှင့်အစိုးရ၏ စည်းမျဉ်းစည်းကမ်းများလျော့ရဲမှုတို့ ကြောင့်ဖြစ်သည်။နောက်ပိုင်းတွင် သ င်္ဘောကပ္ပတိန်မှာ လူသတ်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

Credit : pyimyanmarnews



Follow us on