1. Home
  2. International News

မသန်မစွမ်း အရွယ်ရောက်နေတဲ့ သမီးကို နှစ် ၃၀ ကြာ သွားလေရာကျောပို့ခေါ်တဲ့ မိခင်(ရုပ်သံ)

International News มี.ค. 31, 2560 view 1,494

ဖိလစ်ပိုင်နိုင်ငံတွင် အသက် ၆၉ နှစ် အရွယ်မိခင်တစ်ဦးသည် အသက် ၃၀ အ ရွယ်မသန်မစွမ်းသမီးဖြစ်သူကို နှစ်ပေါင်း ၃၀ နီးပါးကြာအောင် သွားလေရာကျော ပိုးခေါ်သွားလေ့ရှိသည်ဟု သိရသည်။ဂျူလီယက်တာလိုရန်ဇို၏သမီးဖြစ် သူမေရီဂျိန်းသည် အသက်သုံးနှစ်အရွယ် ကတည်းက မသန်မစွမ်းဖြစ်သွားခဲ့ပြီး စ ကားမပြောနိုင်သလို ကိုယ်တိုင်လည်း အ စားမစားနိုင်သူဖြစ်သည်။ ထိုအချိန်က တည်းက လိုရန်ဇိုသည် မေရီဒဏ်ရာရရှိ မည် သို့မဟုတ် တစ်ယောက်တည်းထားခဲ့ လျှင် အနိုင်ကျင့်စော်ကားခံရမည်စိုးသော ကြောင့် သွားလေရာသို့ကျောပိုးခေါ် ဆောင်သွားနေခဲ့ခြင်းဖြစ်သည်။

မြို့လေး၏အပြင်ဘက်ရှိ ဘိုလိုကျေးရွာ တွင် နေထိုင်လျက်ရှိပြီး ခပ်ကုပ်ကုပ်နေ အိမ်လေးသို့နေ့စဉ်အသွားအပြန်ပြုလုပ် ရာတွင် မတ်စောက်သည့်လမ်း၌ သမီးဖြစ် သူကို နေ့စဉ်ထမ်းပိုးကာ လမ်းလျှောက် လေ့ရှိသည်။ လမ်းတစ်လျှောက်တွင် သစ် မြစ်များဖြင့်ဖုံးလွှမ်းနေသောကြောင့် အိမ် ပြန်လမ်းတွင် မေရီအတွက် ဘီးတပ်ကု လားထိုင်အသုံးမပြုနိုင်ဖြစ်နေသည်။သား အမိနှစ်ဦး၏တစ်လစာဝင်ငွေမှာ ဒေါ်လာ ၄၀ ခန့်သာရှိသောကြောင့် ရုန်းကန်နေရ သည့်အနေအထားဖြစ်သည်။ဖေ့စ်ဘွတ် အသုံးပြုသူတစ်ဦးကရိုက်ကူးထားသည့် ဓာတ်ပုံများနှင့်ဗီဒီယိုဖိုင်ကြောင့် ၎င်းတို့ သားအမိကို လူသိများလာခဲ့ခြင်းဖြစ် သည်။ဗီဒီယိုထဲတွင် လိုရန်ဇိုသည် လုံခြုံ ရေးဝန်ထမ်း၏အကူအညီကိုမယူဘဲ သမီး ဖြစ်သူအား ကျောပေါ်တင်နေသည်ကိုမြင် တွေ့ရသည်ဟု သိရသည်။

Credit : “pyimyanmarnews”



Follow us on