1. Home
  2. International News

ရုရှားမြေအောက်ရထားဘူတာရုံ ၂ ခုကြား ပေါက်ကွဲမှုဖြစ် (ရုပ်သံ)

International News เม.ย. 04, 2560 view 1,442

ရုရှားနိုင်ငံ၊ စိန့်ပီတာစ်ဘာ့ဂ်မြို့မှာ ဧပြီ ၃ ရက်နေ့က မြေအောက်ရထားဘူတာရုံ ၂ ခုကြား ပေါက်ကွဲမှုတခု ဖြစ်ခဲ့တဲ့အတွက် လူ ၁၁ ဦးသေဆုံးပြီး အနည်းဆုံး ၄၅ ဦးလောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ရထားတစင်းဟာ ခုတ်မောင်းပြီး စက္ကန့်ပိုင်းအကြာမှာ ခုလိုပေါက်ကွဲခဲ့တာဖြစ်ပြီး ဘူတာအနီးမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းနောက်တခုကိုလည်း တွေ့ရှိခဲ့ရတာပါ။ ဒီပေါက်ကွဲမှုမှာ အဓိက သံသယရှိသူ တရားခံဟာ အာရှအလယ်ပိုင်းဒေသမှ ဖြစ်နိုင်တယ်လို့ ရုရှားသတင်းမီဒီယာတွေက ဖော်ပြရေးသားကြပါတယ်။

အင်တာဖက်စ်နဲ့ တက်စ်သတင်းအေဂျင်စီတွေကတော့ သံသယရှိသူ တရားခံကို ဖော်ထုတ်နိုင်ခဲ့ပြီး သူဟာ အသေခံဗုံးဖောက်ခွဲသမား ဟုတ်မဟုတ်ဆိုတာကိုတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။ စိန့်ပီတာစ်ဘာ့ဂ်မြို့ အာဏာပိုင်တွေက သေဆုံးရသူတွေအတွက် ဝမ်းနည်းကြေကွဲခြင်း ဝတ်ပြုဆုတောင်းမှုတွေကို ၃ ရက်ကြာ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း ပေါက်ကွဲမှုဖြစ်တဲ့မြို့ဆီ လာရောက်ခဲ့ပြီး ဝမ်းနည်းကြောင်း ပန်းခြင်းချခဲ့တာပါ။ ရုရှားထောက်လှမ်းရေးတွေက ဒီပေါက်ကွဲမှုကို အကြမ်းဖက်မှုတရပ်လို့ ဖော်ပြခဲ့ကြပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်တော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

Credit : burmese.dvb.no



Follow us on