အခမ်းနားဆုံးဖျော်ဖြေပွဲများတင်ဆက်ရာ၊ အစားအသောက် ဈေးဝယ်ဆိုင်ခန်းများ အစုံလင်ဆုံးနှင့် ဘန်ကောက်မြို့လယ်ကောင်တွင် တည်ရှိသော SHOW DC နှင့် ထိုင်းနိုင်ငံ ရုပ်သံမီဒီယာ BEC-Tero Entertainment ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ် ဧပြီလ ၅ ရက်နေ့က ပြုလုပ်ခဲ့သည်။
ကမ္ဘာ့အဆင့်တန်းမီ ပြပွဲကြီးများ၊ ဖျော်ဖြေပွဲများ၊ ဈေးကွက်ရှာဖွေရေး၊ ကြော်ငြာလုပ်ငန်းများနှင့် နည်းပညာမြင့် လက်မှတ်အရောင်းဌါနတို့ကို နှစ်ပေါင်း ၃၀ ကြာအတွေ့အကြုံ ကျွမ်းကျင်မှုများနှင့်အတူ ဦးဆောင်လာခဲ့သည့် ထိုင်းနိုင်ငံထိပ်တန်း ကုမ္ပဏီ BEC-Tero Entertainment က SHOW DC တွင်ကျင်းပမည့် ပွဲများကို တာဝန်ယူစီစဉ်ပေးသွားတော့မည်ဖြစ်သည်။
ကမ္ဘာ့အဆင်မီပြပွဲများ၊ လက်မှတ်ရောင်းချခြင်းနှင့် ဈေးကွက်ကွက်ဆိုင်ရာများကို BEC-Tero SHOW က စီစဉ်ပေးသွားမည်ဖြစ်ပြီး ထူးခြားသောပံ့ပိုးမှုနှင့် SHOW DC မှာ ကျင်းပပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
“SHOW DC ဟာ ဖျော်ဖြေမှုများနှင့် လက္ကားဆိုင်များ ပေါင်းစည်းထားတဲ့ ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံး အကြီးဆုံးဈေးဝယ်နေရာဖြစ်ပါတယ်။ SHOW DC မှာ ဆိုင်လုပ်ငန်းတွေ၊ အစားအသောက်လုပ်ငန်းတွေအပြင် ဖျော်ဖြေပွဲတွေ၊ ပြပွဲတွေအားလုံးကိုလည်း လက်ခံပြုလုပ်နိုင်ပါတယ်။ တည်နေရာဟာဆိုရင်လည်း မြို့လည်ကောင်မှာရှိလို့ သွားရေးလာရေး အင်မတန်အဆင်ပြေပါတယ်။ စတုရန်မီတာ ၄၀,၀၀၀ နီးပါးကျယ်တဲ့ SHOW DC မှာဆိုရင် အတွင်ဈေးဆိုင်တွေနဲ့ ဧရာမအခမ်းအနားကြီးတွေ လုပ်ဖို့ နေရာတွေလဲ အလုံအလောက် ပါရှိပါတယ်။ ဒီဂျစ်တယ် LED ဆိုင်းဘုတ်ကြီးဟာ ၂,၆၀၀ စတုရန်းမီတာ ရှိတဲ့အတွက် ကြေညာတွေအတွက် သိပ်ကောင်းပါတယ်။
နိုင်ငံတစ်ကာက ထိပ်တ်းအေဂျင်စီတွေနဲ့ ချိပ်ဆက်ပြီး ဖျော်ဖြေရေး၊ ဈေးကွက်ရှာဖွေရေး၊ ပြပွဲတင်ဆက်ရေးတွေကို အရှေ့တောင်အာရှတစ်ခွင်၊ တစ်နေရာထဲမှာ အားလုံးပြီးပြည့်စုံအောင် ဆောင်ရွက်ပေးနေတဲ့ BEC-Tero ကုမ္ပဏီနဲ့ လက်တွဲလိုက်တဲ့ နောက်မှာတော့ နေ့တိုင်းဟာ SHOW Day ဖြစ်နေမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်”
ဟု SHOW DC ရဲ့ ဥက္ကဋ္ဌဖြစ်သူ Mr. Chayaditt Hutanuwatra က ပြောကြားခဲ့သည်။
BEC-Tero Entertainment ရဲ့ မန်းနေးဂျင်းဒါရိုင်တာ Mr.Brian L Marcar က ပူးပေါင်းဆောင်ရွက်မှုနှင့် ပက်သက်ပြီး
“ကျွန်တော်တို့ဟာ ဖျော်ဖြေမှုလုပ်ငန်းတွေမှာ နှစ်ပေါင်း ၃၀ အတွေ့ကြုံရှိခဲ့ပြီးပါပြီ၊ အောင်မြင်တဲ့ ဖျော်ဖြေပွဲတွေ၊ အခမ်းအနားနဲ့ ပြပွဲတွေ ဖြစ်လာဖို့ ကျွန်တော်တို့မှာ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေက ကူညီပံ့ပိုးဖို့အသင့်ရှိနေပါတယ်။ SHOW DC နဲ့အတူ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုတွေကို ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဈေးဆိုင်တွေနဲ့ ဖျော်ဖြေရေးတွေကို ပေါင်းစည်းထားတဲ့ SHOW DC ဟာ ထိုင်းနိုင်ငံကို အဆင့်တစ်ခု မြှင့်တင်နိုင်ခဲ့ပါပြီ။ ဒီလိုနေရာမျိုးမှာ BEC-Tero SHOW အသွင်နဲ့ ဘန်ကောက်မြို့လည်ကောင်နေရာကနေပြီး ဖျော်ဖြေရေးစုံချက်အဖြစ်ရပ်တည်ပြီး ဖျော်ဖြေမှုရဲ့ အရေးပါပုံစွမ်းအားကို ပြသခွင့်ရတဲ့အတွက် အများကြီး ဂုဏ်ယူပါတယ်” ဟု ပြောကြားခဲ့သည်။