1. Home
  2. International News

အမေရိကန်လေကြောင်းလိုင်းဝန်ထမ်းမှ ခရီးသည်အမျိုးသမီးအား ကလေးလက်တွန်းလှည်းနှင့် ရိုက်နှက်

International News เม.ย. 24, 2560 view 1,478
ကလေးငယ်တစ်ဦးနှင့် လေယာဉ်ပေါ်တက်လာသော ခရီးသည်အမျိုးသမီးတစ်ဦးကို ကလေးလက်တွန်းလှည်း ထိုင်ခုံနဲ့ ရိုက်နှက်ခဲ့တဲ့အတွက် အမေရိကန်လေကြောင်းလိုင်းမှ သူ့ရဲ့ဝန်ထမ်းတစ်ဦးကို အလုပ်မှထုတ်ပယ်ခဲ့ပါတယ်။
 
ဖေ့စ်ဘွခ်အသုံးပြုသူ Surain Adyanthaya က အဆိုပါအဖြစ်ပျက် ဗီဒီယိုကိုတင်ခဲ့ပြီး “ကျွန်တော်စီးလာတဲ့ လေယာဉ်မှာ လေယာဉ်အမှုထမ်းက ကလေးလက်တွန်းလှည်းကို ဆောင့်ဆွဲပြီး ကလေးချီထားတဲ့အမျိုးသမီးကို ရိုက်လိုက်တာ ကလေးပါ ထိတော့မလို့ သီသီလေးလွဲသွားတယ်” ဟု ရေးတင်ခဲ့ပါတယ်။ “ဒါတင်မကသေးဘူး အမျိုးသမီးဘက်က ဝမခံနိုင်လို့ဝင်ပြောတဲ့ ခရီးသည်ကိုပါ ဒီကောင်က ထိုးမလားလို့ စိန်ခေါ်နေသေးတယ်” ဟု ဖြည့်စွက် ရေးသားခဲ့သည်။
 
ABC သတင်းတစ်ရပ်အရ ဧပြီလ ၂၁ ရက်နေ့က ဆန်ဖရန်စ္စကိုကနေ ဒါးလက်စ်ကို ပျံသန်းမည့် လေယာဉ်ခရီးစဉ်အမှတ် ၅၉၁ မှာ ဖြစ်ပျက်ခဲ့ကြောင်းသိရှိရပါတယ်။
ဗီဒီယိုရဲ့ အစပိုင်းမှာ ကလေးချီထားတဲ့အမျိုးသမီးတစ်ဦး ငိုယိုနေတာကို တွေ့ရပြီး လေယာဉ်မယ်နဲ့ လေယာဉ်မှူးက ချော့မော့ ပြောဆိုနေတာကို တွေ့ရပါတယ်။ အဲဒီနောက် ခရီးသည် အမျိုးသားတစ်ဦးက ထလာပြီး ဒီလိုမဖြစ်သင့်ကြောင်း ဝင်ရောက်ပြောဆိုပါတယ်။ မကြာမီမှာ ခုံနဲ့ရိုက်ခဲ့သူ လေယာဉ်အမှုထမ်း လေယာဉ်ထဲသို့ ပြန်ဝင်လာချိန်တွင် အဆိုပါခရီးသည်က ခင်ဗျားဘာလို့ ဒီလိုလုပ်တာလဲ စသည်ဖြင့် ပြောဆိုတဲ့အချိန်တွင် ဟေ့ကောင် ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့၊ ဖြစ်စဉ်ကိုလဲမသိပဲနဲ့ အေးဆေးနေလို့ ထပ်မံငေါက်ငမ်းခဲ့ပြီး ထိုးရန် စိန်ခေါ်တာကို ဘေးက ဝင်ရောက်ဖျန်ဖြေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
 
အမေရိကန်လေကြောင်းလိုင်ရဲ့ ကြေငြာချက်မှာတော့ အဆိုပါအဖြစ်အပျက်အတွက် ခရီးသည်များနှင့် ခံခဲ့ရသူအမျိုးသမီးနှင့်တစ်ကွ သူမ၏မိသားစုဝင်များကို များစွာဝမ်းနည်းကြောင်း ထည့်သွင်းဖော်ပြခဲ့ပြီး သူမနှင့် သူမ၏မိသားစုဝင်များ၏ ကျန်ရှိနေသော နိုင်ငံတစ်ကာခရီးစဉ်များကို First Class (ပထမတန်း)ခုံနေရာမှ စီးနင်းခွင့်ပြုလိုက်ကြောင်း ဖော်ပြခဲ့ပါတယ်။
 


Follow us on