1. Home
  2. International News

ဖေ့စ်ဘွခ်ပေါ်မှာ အချိန်ဖြုန်းလို့ သမီးရဲ့လည်ပင်းကို ဓါးနဲ့လှီးခဲ့တဲ့ဖခင်

International News เม.ย. 24, 2560 view 1,558
ထိုင်းနိုင်ငံ ဖတ်ထလောင်းမြို့တွင် ဆယ်ကျော်သက်အရွယ် သမီးငယ်ကို ဖေ့စ်ဘွခ်ပေါ်မှာပဲ အချိန်ကုန်နေသည့်အတွက် စိတ်တိုလာကာ ဖခင်ဖြစ်သူက လည်ပင်းကို ဓါးနဲ့လှီးခဲ့ခြင်းဖြစ်သည်။
 
အသက် ၁၃ နှစ်အရွယ်သမီးငယ်မှာ ဖခင် အသက်(၄၁)နှစ်၏ ဒေါသဖြင့် လည်ပင်းကို ဓားနှင့် လှီးခဲ့မှုကြောင့် အရေးပေါ်အခြေအနေနှင့် ကုသမှုခံယူခဲ့ရသည်။ မိခင်ဖြစ်သူက သူမရဲ့ ယောက်ျားဟာ သွေးဆူလွယ်သူဖြစ်ပြီး လူငယ်တွေ ဖေ့စ်ဘွခ်နဲ့ အခြားလူမှုကွန်ယက်တွေမှာ အချိန်ကုန်နေတာကို ကြည့်မရဖြစ်နေသူဖြစ်ကြောင်းပြောကြားခဲ့သည်။
 
 
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သမီးဖုစ်သူ ဖေ့စ်ဘွခ်နဲ့ လိုင်းမှာပဲ အချိန်ကုန်နေခဲ့တာကြောင့် ဖခင်ဖြစ်သူနှင့် စကားများခဲ့ကြသည်။ ထို့နောက် ဒေါသထွက်လာကာ သမီးဖြစ်သူ၏ လည်ပင်းကို ဓါးနဲ့လှီးခဲ့ပြီး သူတို့ငှားနေတဲ့ အိမ်ထဲမှာ သော့ခတ်ထားခဲ့ကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ရဲများက သူ့ကို Thap Sakae စစ်ဆေးရေးဂိတ်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
 
ရဲစစ်ချက်အရ အဆိုပါပုဂ္ဂိုလ်မှာ ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ဖြစ်ပျက်ခဲ့သော လူသတ်မှုနှင့် ဆက်စပ်နေသည့် အလိုရှိနေသော တရားခံတစ်ဦးဖြစ်ကြောင်း သိရှိရသည်။


Follow us on