1. Home
  2. International News

ဂျပန်တော်ဝင်မျိုးဆက် အန္တရာယ်ကျရောက်နေဟု ပညာရှင်အဖွဲ့သတိပေး

International News เม.ย. 24, 2560 view 1,821

ကမ္ဘာ့သက်တမ်းအရှည် ဆုံး ဂျပန်တော်ဝင်မျိုးဆက်၏ အ နာဂတ်သည် အန္တရာယ်ကျရောက်နေပြီး ယင်းမှာဆိုင်းငံ့မရဘဲ ဆွေး နွေးရမည့် ကိစ္စတစ်ခုဖြစ်သည်ဟု ဂျပန်အစိုးရက ခန့်အပ်ထားသော ကျွမ်းကျင်ပညာရှင်များအဖွဲ့က သတိပေးပြောကြားသည်။ဘုရင်အာကီဟီတိုက ထီး နန်းကို စွန့်လိုသည့် အရိပ်အမြွက်ပြောဆိုထားသော ဆန္ဒကို မည် သို့ပြည့်ဝအောင် ဆောင်ရွက်မည် လဲဆိုခြင်းကို လေ့လာရန် ဖွဲ့စည်းထားသည့် ၎င်းပညာရှင်များအဖွဲ့က တော်ဝင်မျိုးဆက်ကိစ္စသည်ဖိအားကြုံနေသော ကိစ္စတစ်ခုဖြစ်သည်ဟု ပြောကြားသည်။

လူကြိုက်များသော အသက် (၈၃)နှစ်အရွယ် ဘုရင်ကြီးသည် ပြီးခဲ့သည့် သြဂုတ်က ၎င်းသည် အသက်အရွယ် အိုမင်းလာသည် နှင့်အမျှ တာဝန်များကို လုံလောက်စွာ ပြည့်ဝအောင် မဆောင်ရွက် နိုင်ဖြစ်နေခြင်းကို စိုးရိမ်မိကြောင်း ၀န်ခံပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ လက်ရှိ တော် ၀င်အိမ်ထောင်စုဥပဒေအရ ဘုရင်သည် နတ်ရွာစံချိန်အထိ အုပ်စိုးရ မည်ဖြစ်သည်။ သို့သော် ပုဒ်မတစ်ခုအရ ဘုရင်ကြီး အာကီဟီတိုအနေဖြင့် ပညာရှင်အဖွဲ့က ၀န်ကြီးချုပ် ရှင် ဇိုအာဘေးထံသို့ နောက်ဆုံးအစီ ရင်ခံစာတင်ပြီးနောက် နန်းစွန့်ခွင့် ရဖွယ်ရှိသည်။

အစိုးရက ယင်းအစီရင်ခံစာ ကို အခြေခံ၍ လာမည့်လတွင် ဆုံးဖြတ်ကာ ဇွန်လတွင် လက်ရှိ လွှတ်တော် သက်တမ်းမကုန်မီ ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းနိုင် ရန် ရည်ရွယ်ထားသည်။ ပညာရှင်များအဖွဲ့က ဂျပန် ဘုရင်မျိုးဆက်အတွက် အန္တရာယ်ရှိနေပြီဟု သတိပေးထားသော် လည်း ဖြေရှင်းနည်းတစ်စုံတစ်ရာ ပေးထားခြင်းမရှိပေ။ တော်ဝင်မိသားစုဝင် အရေအတွက် လျော့ကျနေခြင်းကို ထိန်းသိမ်းနိုင်ရေး တန်ပြန်အစီအစဉ်များကို သုံးသပ်ရန်လိုသည်ဟု ပညာရှင်များကပြောသည်။

Credit : 7daydaily



Follow us on