1. Home
  2. International News

ဆီးရီးယား သုတေသနစင်တာ ဝန်ထမ်းများကို နာမည်ပျက်စာရင်းတွင် အမေရိက ထည့်သွင်း

International News เม.ย. 26, 2560 view 1,450

ဓာတုလက်နက် ထုတ်လုပ်ရေး တာဝန်ရှိသည့် ဆီးရီးယားသိပ္ပံ လေ့လာရေးနှင့် သုတေသနစင်တာ ဝန်ထမ်း ၂၇၁ ဦးကို နာမည်ပျက်စာရင်းတွင် အမေရိကန် ပြည်ထောင်စုက ထည့်သွင်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။နာမည်ပျက် စာရင်းတွင် ပါဝင်သူအချို့သည် ဆီးရီးယား ဓာတုလက်နက် ထုတ်လုပ်ရေး လုပ်ငန်းတွင် ပါဝင်နေသည်မှာ ငါးနှစ်ကျော်ကြာနေပြီဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။အဆိုပါ အရေးယူ အမိန့်အရ နာမည်ပျက်စာရင်းတွင် ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို အမေရိကန် ဘဏ်များ သိမ်းယူမည်ဖြစ်ပြီး အမေရိကန်ကုမ္ပဏီများ ၎င်းတို့နှင့် အလုပ်လုပ်ကိုင်ခွင့်ကို ပိတ်ပင်လိုက်သည်။ပိတ်ပင်ခံရယူသူများသည် အဆင့်အတန်းမြင့်စွာ ပညာတတ်မြောက်ထားသူများဖြစ်သဖြင့် ဆီးရီးယားနိုင်ငံ ပြင်ပသို့ ခရီးသွားလာနိုင်ခြေရှိကြောင်း၊ ပြည်ပတွင် ပိုင်ဆိုင်မှုများ မရှိနိုင်သော်လည်း အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစနစ်ကို အသုံးပြုနိုင်ခြေရှိကြောင်း အမေရိကန် အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိများက ပြောကြားသွားသည်။

ဧပြီ ၄ ရက်နေ့တွင် ဆီးရီးယားနိုင်ငံ ခန်ရှိဟွန်ဒေသအနီးတွင် ဓာတုဗေဒ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ကလေးငယ်များ အပါအဝင် လူပေါင်း ၉၀ ခန့် သေဆုံးခဲ့ပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အမေရိကန် အစိုးရအဖွဲ့က အရေးယူမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။ယခုလ အစောပိုင်းကလည်း ဓာတု လက်နက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည် ဆိုသော ဆီးရီးယား လေတပ်စခန်းတစ်ခုကို ခရုစ်ဒုံးကျည်များဖြင့် အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် ဓာတုလက်နက် ထုတ်လုပ်သည့် သုတေသန စင်တာမှ ဝန်ထမ်းများကို အရေးယူခြင်း ဖြစ်သည်။လူအစုလိုက် အပြုံလိုက် သေဆုံးစေသော လက်နက်များ ထုတ်လုပ်မှုဖြင့် ဆီးရီးယား သိပ္ပံလေ့လာရေးနှင့် သုတေသန စင်တာကို ၂၀ဝ၅ ခုနှစ်တွင် အမေရိကန် သမ္မတ ဂျော့ဒဗလျူဘု့ရှ်က ပထမဆုံးအကြိမ်အဖြစ် အရေးယူ ပိတ်ဆို့ခဲ့သည်။အဆိုပါစင်တာမှ အရပ်ဘက် သုတေသန စင်တာဖြစ်သည်ဟု ဆီးရီးယား အစိုးရက ထုတ်ပြန်ထားသော်လည်း စင်တာလုပ်ငန်းများသည် ဇီဝဗေဒနှင့် ဓာတုဗေဒ လက်နက် ထုတ်လုပ်ရေးကို အာရုံစိုက် လုပ်ဆောင်လျက်ရှိသည်ဟု အမေရိကန်က စွပ်စွဲထားသည်။

Credit : “thevoicemyanmar”



Follow us on