ဧပြီလ ၂၄ ရက်နေ့က စင်ကာပူနိုင်ငံရှိ အလယ်တန်းကျောင်း အားကစားကွင်း၌ ဘောလုံးကစားကြရာ ဂိုးတိုင်ဘာတန်း ဦးခေါင်းပေါ်ပြုတ်ကျပြီး ၁၃ နှစ်အရွယ် ကစားသမား ကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။
စင်ကာပူနိုင်ငံ ဂေလန်းရပ်ကွက်ရှိ Geylang Methodist Secondary School တွင် တနင်္လာနေ့ နံနက် ၉ နာရီအချိန်ခန့်က အသက် ၁၃ နှစ်အရွယ် မိုဟာမက် ဟမ်ဘာလီ ဆိုသူ ကျောင်းသားလေးက သူ၏အတန်းဖော်များနှင့် ဘောလုံးကန်ကြစဉ် ဘောလုံးယိုးဘားတန်းကို ဆွဲခိုခဲ့ရာ တန်းပြုတ်ကျပြီး ခေါင်းနဲ့ရိုက်မိကာ ဒဏ်ရာပြင်းထန်သဖြင့် ကေကေမိခင်နှင့်ကလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
သေဆုံးခဲ့သည့် မိုဟာမက် ဟမ်ဘာလီ က ၁၃ နှစ်ပြည့်မွေးနေ့ရောက်ရန် ရက်ပိုင်းသာ လိုတော့သည်ဖြစ်ပြီး သူ၏ အစ်မဖြစ်သူ ဆာရာ အကီလာမှာ စင်ကာပူနိုင်ငံမှ အဆိုတော်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။