1. Home
  2. International News

တရုတ်က ဆိုမာလီမိုခေါင်ရေရှားမှုပြဿနာကို ဖြေရှင်းရန် အမေရိကန်ဒေါ်လာ ၁၀ သန်းထောက်ပံ့

International News เม.ย. 28, 2560 view 1,574

တရုတ်နိုင်ငံဟာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကို မိုးခေါင်ရေရှားဒဏ်ကြောင့် အတိဒုက္ခရောက်နေရတဲ့ ဆိုမာလီပြည်သူများကို ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၁၀ သန်း လှုဒါန်းခဲ့ကြောင်းသိရပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ဒါရိုက်တာ Laurent Bukera က ဒီရန်ပုံငွေများဟာ အငတ်ဘေးသင့်ပြည်သူ ၂၀၀ ၀၀၀ ကျော်ကို ကုလသမဂ္ဂအစားအစာအေဂျင်စီမှတစ်ဆင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အရေးပေါ်အကူအညီများပေးအပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း တရုတ်က ဆိုမာလီနိုင်ငံတွင်း အာဟာရမပြည့်မီတဲ့ ကလေးသူငယ်နဲ့ မိခင် ၅၀၀၀၀ နီးပါးကို အမေရိကန်ဒေါ်လာနှစ်သန်းဖိုး ထည့်ဝင်လှုဒါန်းခဲ့သေးပါတယ်။ ဆိုမာလီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဆိုမာလီနိုင်ငံတွင်း ကပ်ဘေးများမှလွန်မြောက်၍ နေအိမ်များပြန်လည်ထူထောင်နိုင်မည်ဟုမျှော်လင့်ပါကြောင်းပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် ဆိုမာလီနိုင်ငံကို ရေရှည်ထောက်ပံ့သွားမယ်လို့သိရပါတယ်။

Credit.. " Pyit Tine Htaung "



Follow us on