1. Home
  2. International News

လင်ယောက်ျားအရက်မူးလာရင်ဆော်ဖို့ မင်္ဂလာသတို့သမီးများကို အစိုးရက အဝတ်လျှော်ဒုတ်လက်ဖွဲ့

International News พ.ค. 03, 2560 view 1,868
အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်ဗဟိုအစိုးရမှ မင်္ဂလာဆောင်မည့် သတို့သမီးအသစ်စက်စက် အယောက် ၇၀၀ ကို အဝတ်လျှော်သစ်သားတုတ်များကို လက်ဖွဲ့အပ်နှင်းခဲ့သည်။
 
 
Madhya Pradesh ပြည်နယ်ဗဟိုအစိုးရမှ ကြီးမှူးကျင်းပသည့် စုပေါင်းမင်္ဂလာပွဲအခမ်းအနားတွင် လင်ယောက်ျားဖြစ်လာမည့် သတို့သားများ အရက်မူးလာပြီး ပြဿနာရှာလာပါက တုံ့ပြန်နိုင်ရန် ရယ်ရွယ်ချက်ဖြင့် သစ်သားအဝတ်ရိုက်တုတ်များကို သတို့သမီး ၇၀၀ အား လက်ဖွဲ့ခဲ့ခြင်းဖြစ်သည်။
 
 
အိန္ဒိယနိုင်ငံရှိ အိမ်ရှင်မအများစုသည် လင်ယောက်ျားက မူးပြီးအိမ်ပြန်လာသည့်အခါတိုင်း အကြမ်းဖက်ခံရသည့်အပြင်၊ စုဆောင်းထားသော ငွေကြေများကိုလည်း နိုင့်ထက်စီးနင်း ယူငင်ကာ နှိပ်စက်ကလူပြုမှုကိုလည်း ခံနေကြရခြင်းဖြစ်သည်။
 
ယခုကဲ့သို့ အဝတ်လျှော်တုတ်များ လက်ဖွဲ့ခဲ့ခြင်းမှာ အမျိုးသမီးများမှ ယောက်ျားကို ရန်စအနိုင်ကျင့်ရန် ရည်ရွယ်ခြင်းမဟုတ်ပဲ လင်ယောက်ျားများ အကြမ်းဖက်လာပါက ကာကွယ်ဖို့အတွက်သာဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုများ လျော့ပါးလာစေရန်သာ ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
 
========================================
 
MYANMAR's GOT TALENT 2017 ပါရမီရှင်ရွေးပွဲကြီး ပြန်လာပါပြီ
 
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ထူးထူးခြားခြား အစွမ်းတွေကို ယှဉ်ပြိုင်ပြသမယ့် MYANMAR's GOT TALENT 2017 အစီအစဉ်ကို လာမယ့် မေလ(၇)ရက် (တနင်္ဂနွေနေ့)မှာ MRTV-4 ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်တော့မည်ဖြစ်လို့ စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ..။
 
 

 



Follow us on