1. Home
  2. International News

အသက် ၄၀ နီးပါး ကွာခြားတဲ့ လေးစားဖွယ် လင်မယား

International News พ.ค. 05, 2560 view 1,679

ခင်ပွန်းဖြစ်သူက ၇၁နှစ်ပါ၊မိန်းမဖြစ်သူက ၃၃နှစ်ပါ။သူတို့မှာကလေး (၄)ယောက်ရှိပါတယ်။သူတို့နေထိုင်ရာအိမ်ရာမှာ အိပ်ခန်း၃ခန်းသာရှိသလို အခုချိန်မှာတော့ ကျယ်ဝန်းတဲ့အခန်းလိုအပ်လာပါပြီလို့ မိန်းမဖြစ်သူ Nicola Philpot ကဆိုပါတယ်။

သူတို့မှာ လေးနှစ်အရွယ်သမီးလေး Lily Rose ၊ ၁၂နှစ်အရွယ် Kody ၊ ၁၃နှစ်အရွယ် Thomas နဲ့ ၁၆ နှစ်အရွယ် Felicity ဆိုပြီး သားသမီး၎ယောက်ရှိပါတယ်။ Nicola Philpot အသက် ၁၈နှစ်မှာ အသက် ၅၆ နှစ်အရွယ်ရှိ  Joe နဲ့လက်ထက်ခဲ့တာပါ။ လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံ၊အရှေ့လန်ဒန်က Chigwell အရပ်မှာနေထိုင်ပါတယ်။ သူမယောင်္ကျားက ပင်စင်စားတစ်ယောက်ပါ။

“ငါ့ယောင်္ကျား joe က ငါ့ထက် အသက် နှစ်ဆနီးပါးရှိပေမယ့် သန်မာနေဆဲ၊ဖျက်လတ်နေဆဲ၊တက်ကြွနေဆဲ အမျိုးသားကောင်း တစ်ယောက်ပါ။လက်ရှိမှာ သွား (၁၀)ချောင်းမရှိတော့ပေမယ့် ငါ့အတွက်တော့ ပြီးပြည့်စုံနေတဲ့ ခင်ပွန်းကောင်းပါ” လို့ Nicola Philpot ကဆိုပါတယ်။



Follow us on