1. Home
  2. International News

တက်တူးတွေနဲ့ထိုင်းဘုရင်ရုပ်သံဖိုင်ကိုဖြုတ်ချရန် ဖေ့ဘွတ်ကိုသတိပေး

International News พ.ค. 16, 2560 view 1,820

ထိုင်းဘုရင်စနစ်ကို ဝေဖန်ပြောဆို ထားတဲ့ ရေးသားမှုတွေကို ဖေ့ဘွတ်အနေနဲ့ ဖယ်ရှားပေးရမယ်၊ မဖယ်ရှားဘူးဆိုရင် ဥပဒေကြောင်းအရ အရေးယူခံရမယ်လို့ ထိုင်းအာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။ကုမ္မဏီကတော့ ထိုင်းအစိုးရဘက်က တောင်းဆိုချက်ကိုလိုက်လျောပေးဖို့ စဉ်းစားနေတယ်လို့ပြောခဲ့ပြီး တကယ်လို့ အဆိုပါ ရေးသားမှုတွေဟာ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းဥပဒေကိုချိုးဖောက်နေ ပါက လိုက်နာသွားပါမယ်လို့လည်း ဆိုပါတယ်။

လက်တလောရေပန်းစားနေတဲ့ ရုပ်သံပြကွက်တစ်ခုကတော့ လူငယ်စတိုင် crop top ၀တ်ဆင်ထားတဲ့ ထိုင်းဘုရင် ဆိုပြီး လူမှုကွန်ရက်မှာ မျှဝေသူအများအပြားရှိတဲ့ Post ပါ။အဆိုပါ ဗီဒီယို ရုပ်သံဖိုင်ကို ဖြုတ်ချပေးရန်လည်း ဖေ့ဘွတ်ကို ထိုင်းအာဏာပိုင်တွေက သတိပေးထားပါတယ်။ ရုပ်သံဖိုင်မှာတော့ တက်တူးတွေထိုးထားတဲ့ ထိုင်းဘုရင်နောက်ကျော ကိုထင်ရှားစွာမြင်ရပါတယ်။

ဂူးဂဲလ်ကတော့ ပြီးခဲ့တဲ့နှစ်က ထိုင်းဘုရင်စနစ်ကို ထိပါးစော်ကားတဲ့ အကြောင်းအရာတွေကို အွန်လိုင်းကနေ ဖယ်ရှားပေးဖို့အတွက် အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တယ်လို့ ထိုင်း ဒုဝန်ကြီးချုပ်က ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံဥပဒေအရ  ဘုရင်၊ ဘုရင်မနဲ့ ထီးနန်းရိုက်ရာဆက်ဆံမယ့်ပုဂ္ဂိုလ်တွေကို အသရေဖျက်သူ၊ ထိပါးစော်ကားသူနဲ့ ခြိမ်းခြောက်တဲ့သူကို ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

Source: http://www.9news.com.au/national/2017/05/16/10/29/thailand-threatens-to-shut-down-facebook-over-crop-top-video-of-king



Follow us on