1. Home
  2. International News

ဝိတ်ကျတိုင်း ဘောနပ်ပေးတဲ့ ကုမ္ပဏီ

International News พ.ค. 16, 2560 view 1,462

ဒီကုမ္ပဏီကတော့ ၀န်ထမ်းတွေရဲ့ ၀ိတ်လျော့လိုတဲ့ စိတ်ဆန္ဒကို စွဲမက်ဖွယ် ဘောနပ်နဲ့ ကောင်းကောင်း တွန်းအားပေးနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှ Xi’an ဆိုတဲ့ ကုမ္ပဏီဟာ သူ့ဝန်ထမ်းတွေထဲက တစ်လမှာ 1 kg ၀ိတ်ကျတဲ့သူတိုင်းကို ယွမ် ၁၀၀ ဘောနပ် အဖြစ် ပေးပါတယ်။ ဒီဘောနပ်ကို ရဖို့အတွက် အရင်ဆုံး 3 kg ၀ိတ်ချတာနဲ့ စတင်အကျုံးဝင်မှာ ဖြစ်ပါတယ်။

သူတို့ကုမ္ပဏီမှာရှိတဲ့ Zhou Wei ဆိုတဲ့ အမျိုးသမီး အလုပ်သမားတစ်ယောက်ဟာဆိုရင် ပြီးခဲ့တဲ့လက ကိုယ်အလေးချိန် 20 kg အထိလျှော့ချနိုင်ခဲ့ပြီး အပိုဝင်ငွေ ယွမ် ၂၀၀၀ အထိ ရရှိခဲ့ပါတယ်။ Zhou ဟာ အရင်က အစာစားရင်အမြဲတမ်း အသားတစ်ခွက်ပါခဲ့ပေမယ့် အခုတော့ မှိုနဲ့ ဥတွေကို နေ့လည်စာအဖြစ် ပြောင်းစားနေတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သူဌေးကတော့ သူ့ရဲ့အစီအစဉ်ဟာ မျှော်မှန်းထားတာထက်ကို ပိုအောင်မြင်ခဲ့တယ်လို့ပြောပါတယ်။



Follow us on