ပြင်သစ်နိုင်ငံရဲ့ အသက်အငယ်ဆုံး သမ္မတဖြစ်လာတဲ့ အီမန်နူရယ်မာခရွန်ဟာ ပြင်သစ်ကို ကမ္ဘာ့အဆင့် အနေအထားမှာ ပြန်လည်ရပ်တည်နိုင်အောင် လုပ်မယ်လို့ ကျမ်းသစ္စာကျိန်ဆိုရာမှာ ကတိပြုလိုက်ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်သမ္မတ မာခရွန်ဟာ ပြင်သစ်နိုင်ငံရဲ့ အသက်အငယ်ဆုံး သမ္မတတစ်ဦးလည်း ဖြစ်ပါတယ်။
ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း အလုပ်လက်မဲ့နှုန်းတွေ များလာတဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သမ္နတ အော်လန်းဒီနေရာမှာ မာခရွန်က ဆက်လက်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
ပြင်သစ်ဟာ ၂၀၁၅ ခုနှစ်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရဆဲ ဖြစ်ပါတယ်။ သမ္မတသစ် မာခရွန်က ကျမ်းကျိန်ပွဲမတိုင်မီ သမ္မတအော်လန်းဒီနဲ့ တစ်နာရီနီးပါးတွေ့ဆုံပြီး နိုင်ငံရဲ့ နျူကလီးယား ကုတ်များကို လွှဲပြောင်းရယူခဲ့တယ်လို့ သိရပါတယ်။
Credit : Pyi Myanmar