1. Home
  2. International News

ကမ္ဘာ့အပေါ့ပါးဆုံးဂြိုဟ်တုဖန်တီးခဲ့တဲ့ ဆယ်ကျော်သက်လူငယ်

International News พ.ค. 19, 2560 view 1,535

တမီလ်နာဒူပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် ရှားရွတ်(Rifath Shaarook)က ကာဗွန်ဖိုက်ဘာကို အသုံးပြုပြီး 3D Printer နည်းပညာအသုံးပြုကာ အလေးချိန် ၆၄ ဂရမ်(၀.၁၄ပေါင်) ပဲရှိတဲ့ကမ္ဘာ့အပေါ့ပါးဆုံး ဂြိုဟ်တုကို ဖန်တီးခဲ့ပါတယ်။

အဆိုပါဂြိုလ်တုကစမတ်ဖုန်းတစ်လုံးထက်တောင်ပေါ့နေတယ်လို့BBC သတင်းမှာ ဖော်ပြထားပါတယ်။
ဂြိုဟ်တုကို KalamSat လို့ အမည်ပေးထားပါတယ်။ဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံရဲ့ နျူကလီးယားသိပ္ပံပညာရှင်လည်းဖြစ်၊ သမ္မတဟောင်းတစ်ဦးလည်းဖြစ်တဲ့ အဗ္ဗဒူကာလမ်(Abdul Kalam)ကို ဂုဏ်ပြုတဲ့အနေနဲ့ဒီအမည်ကိုပေးထားတာပါ။Cubes in Space ပြိုင်ပွဲမှာ ရွေးချယ်ခံရတဲ့ အဆိုပါဂြိုလ်တုကို နာဆာအဖွဲ့ရဲ့ ဒုံးပျံမှာ ထည့်သွင်းပြီး ကမ္ဘာ့ပတ်လမ်းအတွင်း ဇွန်လအတွင်းစေလွှတ်ခံရမယ်လို့သိရပါတယ်။



Follow us on