1. Home
  2. International News

မြောက်ကိုရီယားခြိမ်းခြောက်မှုကို ဒေါသအကြီးကျယ်ထွက်ကာ တုံ့ပြန်လိုက်တဲ့ထရန့်

International News ม.ค. 03, 2561 view 1,461

ပြီးခဲ့တဲ့ နှစ်သစ်ကူးနေ့မှာ ရုပ်မြင်သံကြားကနေတစ်ဆင့် အမေရိကန်ကိုပစ်ရန် နယူကလီယားခလုပ် သူ့ရဲ့အလုပ်စားပွဲပေါ်မှာ အမြဲအသင့်ပဲလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ခြိမ်းခြောက်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇန်နဝါရီလ (၂)ရက်နေ့မှာပဲ သူ့ရဲ့နယူးကလီးယား ခလုပ်က ပိုကြီးပြီး အင်အားကြီးတယ်လို့ တုံ့ပြန်လိုက်ပါတယ်။

သူ့ရဲ့တွစ်တာပေါ်မှာလည်း “မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောတယ် ‘နယူးကလီးယားခလုပ်က သူ့အလုပ်စာပွဲပေါ်မှာ တစ်ချိန်လုံးရှိနေတယ်တဲ့’။ အဲဒီစားရမယ့်မယ့် သောက်ရမယ့်မယ့်ဖြစ်နေတဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ တစ်ယောက်ယောက် ပြောလိုက်စမ်းပါဗျာ ‘ကျုပ်မှာလဲ နယားကလီးယားခလုပ်ရှိပါတယ်လို့ နောက်ပြီး အဲ့ဒီခလုပ်က သူ့ထက်ပိုကြီးပြီး ပါဝါလဲပြင်းတဲ့အပြင် တကယ်လဲအလုပ်ဖြစ်တယ်ဆိုတာ ပြောလိုက်စမ်းပါ!!’
ဟုရေးသားဖော်ပြခဲ့သည်။

ကင်ဂျုံအန်က အမေရိကန်ကို ခြိမ်းခြောက်ပြီး မိန့်ခွန်း၏အဆုံးပိုင်တွင် တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းတွင်ကျင်းပပြုလုပ်မည့် အားကစားပွဲအား အသိမှတ်ပြုပြီး နှစ်ဖက်ဆွေးနွေး ပြောဆိုရန် စိတ်ဝင်စားကြောင်း ထည့်သွင်းခဲ့ပါတယ်။

တောင်ကိုရီးယားဘက်မှ ကင်ဂျုံအန်၏ မိန့်ခွန့်အား အပြုသဘောဖြင့်တုံ့ပြန်ခဲ့ပြီး ဇန်နဝါရီလ (၉)ရက်နေ့တွင် အထက်ခေါင်းဆောင်ပိုင်း တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။

 

>> အမေရိကန်ကို အေးဆေးနေရန် ကင်ဂျုံအန် ခြိမ်းခြောက်
 



Follow us on