BEC-TERO TV

အမေရိကန်ကို အေးဆေးနေဖို့ သတိပေးလိုက်တဲ့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်

02 Jan 2018     1,579 Views


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ သူ့ရဲ့နှစ်သစ်ကူးမိန့်ခွန်းထဲမှာ အမေရိကန်နိုင်ငံအနေနဲ့ သူကိုအာရုံလာမနောက်နဲ့လို့ ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။

ကိုရီးယားသတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ ကင်ဂျုံအန်ရဲ့ နယူကလီးယား လက်နက်ဟာ အမေရိကန်တစ်နိုင်ငံလုံးကို ခြုံပြီးရောက်နိုင်တဲ့ အနေအထားမှာ ရှိနေပြီး ပစ်ဖို့ခလုပ်ဟာလည်း သူ့ရဲ့ရုံးခန်းစားပွဲပေါ်မှာ အမြဲအသင့်ရှိနေတဲ့အတွက် အမေရိကန်အနေနဲ့ သူ့ကို လာမရှုပ်ရန် ပြောကြားခဲ့ပါတယ်။ ဒါဟာ ခြိမ်းခြောက်မှုသက်သက်မဟုတ်ပဲ အမှန်တစ်ကယ်ဖြစ်တယ်ဆိုတာကိုပါ ထည့်သွင်းပြောကြားခဲ့ပါတယ်။

သူ့ရဲ့ နှစ်သစ်ကူး အစီစဉ်မှာ ဒီမျှသာမကပဲ နယူကလီးယားလက်နက်များကို အမြောက်အမြား ထုတ်လုပ်သွားမည်ဖြစ်ပြီး မြောက်ကိုရီးယား အပေါ် ခြိမ်းခြောက်မှုတွေ ရှိလာပါက အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြောဆိုမှုအပေါ်  နှစ်သစ်ကူးပွဲကို သူ့ရဲ့အပန်းဖြေနေရာ Mar-a-Lago တွင် ဆင်နွှဲနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဘီဘီစီက မေးမြန်းခဲ့ရာ “ငါတို့ ကြည့်တာပေါ့” ဟုသာ မှင်သက်မိပြီး ဖြေကြားခဲ့သည်။
 


02 Jan 2018     1,579 Views




RELATED

Most Popular of International News

Most Popular of NEWS