ဘရားဇီးဘောလုံးသမားများ လိုက်ပါလာသည့် လေယာဉ်သည် မီဒယ်လင်သို့ ပျံသန်းစဉ် ကိုလံဘီဘာ၌ နိုဝင်ဘာ ၂၉ (ယနေ့)က ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အားဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါလေယာဉ်တွင် ဘရာဇီးအသင်းသားများအပါအဝင် ခရီးသည် ၇၂ ဦး နှင့် လေယာဉ်အမှုထမ်း ၉ ဦး လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျခဲ့သည့် နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျှက်ရှိပြီး အသက်ရှင်ကျန်ရစ်ခဲ့သူများလည်း ရှိကြောင်း သတင်းရရှိသည်။
LAMIA လေကြောင်းလိုင်း အမှတ် CP2933 သည် မီဒယ်လင်မြို့နှင့် ကီလိုမီတာ ၅၀ ခန့်အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး အဆိုပါလေကြောင်းလိုင်းသည် ကိုလံဘီယာ၏ ဒုတိယအကြီးဆုံး လေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး လောင်စာဆီ ပြတ်လပ်မှုကြောင့် ပျက်ကျခဲ့ရပုံရကြောင်း လာစီဂျာ မြို့တော်ဝန်က ထင်မြင်ချက်ပေးခဲ့သည်။
မီဒယ်လင်လေဆိပ် အာဏာပိုင်များက ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိကြောင်း လေယာဉ်အမှုထမ်းမှ သတင်းပေးပို့ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ဘရာဇီးကလပ်အသင်း ChapecoenseReal အနေနှင့် နက်ဖန်(ဗုဒ္ဓဟူနေ့)တွင် ကိုလံဘီယာအသင်း Colombia's Atletico Nacional နှင့် Copa Sudamericana ဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်သည်။
Ref:CNA