BEC-TERO TV

ဘရာဇီးဘောလုံးအသင်းပါ လေယာဉ်ပျက်ကျမှုတွင် ၂၅ ဦးသေဆုံး

29 Nov 2016     1,491 Views


တောင်အမေရိက ဘောလုံးအသင်းလိုက်ပါလာတဲ့ လေယာဉ်ပျက်ကျမှုမှာ လူ ၂၅ ဦးသေးဆုံးခဲ့ကြောင်း ထပ်မံသိရှိရသည်။ ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် လေယာဉ်မှာ ကောင်းကင်ထက်မှ ပြုတ်ကျခဲ့ပြီး  တောင်တန်းတွေပေါ် ပျက်ကျခဲ့ကာ လေယာဉ် နှစ်ပိုင်းပြတ်ခဲ့ခြင်းဖြစ်သည်။ 
 
 
 
လေယာဉ်ပျက်ကျစဉ် စက္ကန့်ပိုင်းအတွင်းမှာပင် လေယာဉ်မှူးက အကြီးအကျယ် ပေါက်ကွဲမီးလောင်မှုမဖြစ်အောင် လေယာဉ်ဆီများကို ဖောက်ချနိုင်ခဲ့သည့် အတွက် သက်သာရာရခဲ့ခြင်းလည်းဖြစ်သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၇၂ ဦးနှင့် လေယာဉ်အမှုထမ်း ၉ ဦး လိုက်ပါလာကာ ၂၅ ဦး သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့သည်။
 
 
နောက်ခံကစားသမား Alan Ruschel နှင့် ဂိုးသမားများဖြစ်ကြသည့် Danilo Padilha နှင့် Jakson Follmann တို့ အသက်ရှင်ခဲ့ပြီး ဆေးရုံသို့ ပိုဆောင်ခဲ့ကြသည်။ အဆိုပါလေယာဉ်ပျက်ကျခဲ့မှုကြောင့် တောင်အမေရိကဖလား နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို ဆိုင်ငံ့ထားလိုက်ကြောင်း သတင်းရရှိသည်။
 

29 Nov 2016     1,491 Views




RELATED

Most Popular of International News

Most Popular of NEWS