1. Home
  2. International News

ကိုလံဘီယာလေယာဉ်ပျက်ကျမှုတွင် ၇၆ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့

International News พ.ย. 30, 2559 view 1,579
ဘရာဇီးဘောလုံးကလပ်အသင်းမှ ဘောလုံးသမားများ၊ သတင်းထောက်များနှင့် အခြားခရီးသည်များ၊ လေယာဉ်အမှုထမ်းများ စုစုပေါင်း လူ ၈၁ ဦးခန့်လိုက်ပါလာသော လေယာဉ်သည် ကိုလံဘီယာ အလယ်ပိုင်းတွင် လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင်း တနင်္လာနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ပျက်ကျသွားခဲ့ပြီး သေဆုံးသူ ၇၆ ဦးထိရှိလာကြောင်း သတင်းရရှိသည်။
 
 
 
အသက်ရှင်ကျန်ရစ်သူများထဲတွင် ကစားသမား သုံးဦးပါဝင်ခဲ့ပြီး နောက်တန်းကစားသမား အလန်ရုစ်ချယ်၊ ဂိုးသမား ဒန်နီလိုနှင့် အရန်ဂိုးသမား ဖိုးမန်းတို့ ဖြစ်ကြောင်း သိရှိရသည်။
ဗီဒီယိုမှာ လေယာဉ်မပျက်ကျမီ ဘရာဇီးဘောလုံးသမားများ လေယာဉ်ပေါ်တွင် အမှတ်တရ ရိုက်ကူးထားခဲ့သော ပုံရိပ်များဖြစ်သည်။ 
 
>> ကနဦးသတင်း ၁
>> ကနဦးသတင်း ၂


Follow us on