BEC-TERO TV

မေတစ်လလုံး ရွှေမှုံရတီ ကားရိုက်နားထားရခြင်း အကြောင်းရင်း

25 May 2017     1,769 Views


မေလ (၁၆) ရက်မှာ ပရိသတ်တွေ ၊ မိသားစုဝင်တွေနဲ့ မွေးနေ့ပွဲကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့တဲ့ ရွှေမှုံရတီက အခုဆိုရင် အသက် ၁၉ နှစ်ပြည့်ပြီးပြီ ဖြစ်ပါတယ်။

ရွှေမှုံရတီက လက်ရှိရုံတင်ပြသနေတဲ့ ချိုမြိန်သော လက်စားချေခြင်း ဇာတ်ကားမှာ အချစ်ရေးကိုဥပေက္ခာပြုခဲ့ပြီး နောက်မှ နောင်တရပြီး ချစ်သူကိုပြန်လိုချင်နေတဲ့ ကောင်မလေးနေရာက ပီပီပြင်ပြင် သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။

သရုပ်ဆောင် ရွှေမှုန်ရတီက မေလတစ်လလုံးကို ဇာတ်ကားရိုက်ကူးမှုတွေ နားထားခဲ့ပါတယ်။ အကြောင်းကတော့ သူ့မွေးလဖြစ်ပြီး နေလည်း သိပ်မကောင်းသေးတာကြောင့် နားထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ရွှေမှုံရတီက ဇွန်လကစပြီး အလုပ်တွေပြန်လုပ်တော့မယ်လို့ သိရပါတယ်။

Source : 8 Days Journal


25 May 2017     1,769 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment