BEC-TERO TV

ဗီဇပြောင်း COVID - 19 မျိုးကွဲကို Moderna ဆေးက ကာကွယ်နိုင်စွမ်းရှိဟု ကုမ္ပဏီကပြောကြား

26 Jan 2021     183,285 Views


ဗီဇပြောင်း COVID - 19 မျိုးကွဲကို Moderna ဆေးက ကာကွယ်နိုင်စွမ်းရှိတယ်လို့ ကုမ္ပဏီ ကပြောပါတယ်။ ဒါပေမယ့် တောင်အာဖရိကမှာ တွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို ဗြိတိန်မှာတွေ့ရှိတဲ့ မျိုးကွဲလောက်တော့ မကာကွယ်နိုင်ဘူးလို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တောင်အာဖရိက မျိုးကွဲကို ခန္ဓာကိုယ်က ဆန့်ကျင်တုံ့ပြန်မှုက ခြောက်ပုံတပုံလျော့တာ တွေ့ရှိရတယ်။ ဒါပေမဲ့ ဒီဆေးဟာ ကာကွယ်နိုင်စွမ်းတော့ အတော်အတန် ရှိပါသေးတယ်လို့ ဆိုပါတယ်။

Duke ဆေးတက္ကသိုလ်က ရောဂါပိုးမွှားဗေဒပညာရှင် David Montefiori ကတော့ Moderna နဲ့ ပတ်သက်လို့ သတိထားပြီး အပြုသဘောမြင်ပေမဲ့ ဒီဆေးက တောင်အာဖရိကမျိုးကွဲကို ကာကွယ်နိုင်မလားဆိုတာ မသေချာသေးဘူးလို့ ပြောပါတယ်။ “အာနိသင်ထိရောက်မှုက အတော်အတန်လျော့ပေမဲ့ အစွမ်းအတော်ထက်ဦးမှာပါ။ ၇၀ – ၈၀% တော့ ထိရောက်ဦးမယ်လို့ မျှော်လင့်ပါတယ်” လို့ သူကပြောပါတယ်။ ယူကေမှာစတွေ့တဲ့ မျိုးကွဲကို နိုင်ငံပေါင်း ၄၅ ခုမှာ တွေ့ထားပါပြီ။ တောင်အာဖရိကမျိုးကွဲကိုတော့ နိုင်ငံ ၂၀ မှာ တွေ့ထားပါတယ်။. ။

Credit: #Popolay #Popolaytv #News #International_News #COVID_19 #Moderna #Duke


26 Jan 2021     183,285 Views




RELATED

Most Popular of International News

Most Popular of NEWS