BEC-TERO TV

ဘုရင်မ ပြန်ဖြစ်သွားပြီးလို့ ဆိုလာတဲ့ သရုပ်ဆောင်မယ်လိုဒီ

10 Jun 2020     44,081 Views


၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ထာဝရအလင်းတန်းများ ဇာတ်ကားနဲ့ အကောင်ဆုံးအမျိုး သမီးဇာတ်ဆောင်ဆု အဖြစ် ပထမဦးဆုံး အကယ်ဒမီဆုရရှိခဲ့တဲ့ သရုပ်ဆောင် မယ်လိုဒီက သူမအနေနဲ့ “ခုတော့ တရားဝင်ပြောပါတော့မယ် ကျွန်မ ဘုရင်မ ပြန်ဖြစ်သွားပြီ"လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ရေးသား ပြောဆိုထားပါတယ်။

“ကျွန်မနဲ့သားလေး ကိုချစ်တဲ့သူတွေ စိတ်ပူမှာစိုးလို့ တချို့ အရေးကြီး သတင်းတွေကို တကူးတက မီဒီယာကနေ သတင်းစာကနေ မကြေငြာတာပါ။ ခုကာလကလည်း ကိုယ့်အသက် မိသားစုအသက် ကို အထူးဂရုစိုက်ရချိန်မှာ အကုသိုလ်စိတ် ပိုပြီး မဖြစ်စေချင်တာပါ”လို့လည်း ရေးသားထားပါသေးတယ်။

သူမက “လူတွေမှာ နား နှစ်ဖက်ရှိတယ်(တစ်စုံ)၊မျက်လုံး ၂လုံးရှိတယ်(တစ်စုံ)၊ပါးစပ်တစ်ပေါက်ရှိ တယ်ကြား ရတာ မြင်ရတာ အမှန်လား အမှားလား ခွဲခြားနိုင်စွမ်းကတော့ အသိဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရားပဲ။ ဘဝမှာ ယနေ့ထိ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ရတာ ကိုယ့်ရဲ့ကိုယ်စောင့်နတ်က အသိဆုံးပဲ။ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်ခဲ့ရလို့ ဘေးပတ်ဝန်းကျင်ကိုတောင် လှည့်ကြည့်ဖို့မအားပါဘူး။ဒါပေမယ့် ပတ်ဝန်းကျင်ကိုလည်း စော်ကားတတ်တဲ့စိတ်မရှိပါဘူး။ဘဝရဲ့အပြောင်းအလဲအတွက် အကြိမ်ကြိမ်စဉ်းစား ပြီးမှသေချာတဲ့ ဆုံးဖြတ် ချက်ကိုချခဲ့တာပါ”လို့ လူမှုကွန်ရက်က တစ်ဆင့်ပြောကြားထားတာ ဖြစ်ပါတယ်။

သူမရေးထားတဲ့ အကြောင်းအရာအသေးစိတ်ကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

“ကျွန်မဘဝကို အားကျတယ်လို့ပြောခဲ့တဲ့သူတွေကို ကျွန်မ ပြန်ပြော နေကျ စကား တစ်ခွန်းရှိပါတယ် (အိမ်မှာကျွန်မနေရာမှာ တပတ်လောက်နေကြည့်ပါလို့)ခုချိန်မှာ သားရဲ့အနာဂတ် အတွက် ပညာအမွေ ဥစ္စာအမွေ ပေးနိုင်တဲ့ အမေ ဖြစ်ဖို့ပဲ ကြိုးစားပါတယ်။ ဘဝလမ်းမှာ တစ်ယောက်တည်း ပြေးရတာ ပိုအဆင်ပြေပါတယ်။ နှစ်ယောက်ဆို ကျွန်မ ကျောမပိုးနိုင်ဘူးလေ။ သိက္ခာအရ ပတ်ဝန်းကျင် အနေ အထားရ ကျောပိုးနိုင်လည်း ၅နှစ်ပေါ့။ တစ်သက်လုံး ပင်ပင်ပမ်းပမ်းရှာထားသမျှ ၅နှစ်ကျော်အတွင်း သဲထဲ ရေသွန်သလို ခြေထောက်ကိုဒူးဆစ်က ဖြတ်ချိုးလိုက်သလို ဘဝက လူမသေ စိတ်တွေ အကြိမ်ကြိမ် သေခဲ့ရ တာပါ။ လိမ်ခြင်း ကိုမုန်းတယ် မလိမ်ပါနဲ့လို့ ပြောခဲ့တဲ့သူ လိမ်တာကို ကြောက်ပါတယ်လို့ပြောမိလို့လားမသိ အကြိမ်ကြိမ်အလိမ် ခံရတယ်။ရိုးရှင်းပါတယ်။ ကိုယ့်ဘဝကိုကြောင်း ကိုယ့်ထမင်းကိုယ်ရှာစားပြီးအိမ်ခြေမဲ့ အနေအထားပျက် အကြိမ် ကြိမ်အလိမ်ခံရတာတောင် ၅နှစ်ကျော် အပြုံးမပျက်တည်ငြိမ်သူ မေမေမျိုးအဖြစ် ဘဝရဲ့ဇာတ်ခုံမှာ ကိုယ့်စရိတ် ကိုယ်စား ကံကောင်းသောသူလား တိတ်တဆိတ်နေခဲ့တာပါ။ အကယ်ဒမီသာ ပေးရင် ၅နှစ်ဆက်တိုက်ကိုတစ် ယောက်တည်းရမှာ။ ပြီးဆုံးသွာရတဲ့ဇာတ်လမ်းလေးမှာ ကိုယ်ဟာ အခြားအမျိုး သမီးတွေလို သိန်းပေါင်းများစွာ ကားတွေ တိုက်တွေ condo တွေ မရခဲ့သလို ကိုယ့်ကိုလူကောင်းထင် စေဖို့ အလို့ငှါ သူတစ်ပါးကို သူယုတ်မာ လို့ ထင်ယောင်ထင်မှားဖြစ်အောင် မရေး မပြော ခဲ့ပါဘူး။ ပြီးဆုံးပြီးသား ဇာတ်လမ်းတစ်ပုဒ်ကိုလည်း အစက ပြန်မကချင်ပါဘူး။ ထွေးပြီးသားတံတွေး ပြန်မလျှက်သလို ရွံပါတယ်ပြောပြီး ပိုက်ဆံလေးနည်းနည်းရလည်း မဆိုးပါဘူး ဆိုပြီး အတင်းလိုက်ပတ်သတ်နေတဲ့ မိန်းမစားထဲမှာလည်းကျွန်မ မပါဘူး။ အမ်းပြီး ချစ်ရတာ မရှက် ပါဘူး။ ချူပြီး မှီပြီး လိမ်စားနေတာမှမဟုတ်တာ။ ငါးစိမ်းမြင် ငါးကင်ပစ်တာ မဟုတ်ပါဘူး။ ငါးမြင်တာနဲ့တင် အမ်းရ တော့မှာပါလား ဆိုပြီးကြောက်နေပါပြီ။ ကြိုးစားစုပြီး အမ်းနိုင်တဲ့နေ့ သူငယ် ထောင်ဦးမှာပါ။ ချစ်သော သူများ အကုသိုလ်အတွေး အရေး အကြား ကင်းစေဖို့ တိတ်တဆိတ် နေနေခဲ့တာပါ။ အခြေနေအရပ်ရပ်ကိုစဆုံး သိပြီး ချစ်ကြ အားပေးကြ တဲ့ အစ်မတွေ အစ်ကိုတွေနဲ့ ဟင်းတွေ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပို့ပေးကြတဲ့ မေမေစန်းနဲ့ ချစ်ရပါသော အစ်မများကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

ဘာအကြောင်း ကြောင့်နဲ့မှမလိမ်နဲ့ အဖြူရောင်မုသားလည်း မသုံးနဲ့ မေးတာ မဖြေလို့ရတာ ဖြေရင်တော့ အမှန်တရားဖြစ်ပါစေ။ရိုးသားတာလေးကိုတပ်မက်ခဲ့တာလေ ရိုးသားတာ လေး မရှိတဲ့နေ့ bye bye ဘဲလို့ အစကတည်းကအကြိမ်ကြိမ်သတိပေးခဲ့တာပဲ။ ကိုယ့်ဘဝမှာဖြူစင်ခြင်း အားနည်းခဲ့လို့တကူးတကဖြူတာ ရှာထားပါတယ်ဆိုမှ လိမ်ခြင်းက ရင်ဝကို စုံကန်တော့တာပဲ။ခုတော့ တရားဝင်ပြောပါတော့မယ် ကျွန်မ ဘုရင်မ ပြန်ဖြစ်သွားပြီ။ ၆နှစ်ကျော် ကြိုးစားခဲ့လို့ သိပ်ချောတဲ့ သားလေး တစ်ယောက်တော့ ဘုရားကဆုလက် ဆောင် အဖြစ်ပေးလိုက်တယ်ရှင်။ဆုံးရှုံးမူတွေများပေမယ့် မိတ်ဆွေ အဖြစ်တော့ တည်ရှိနေပါတယ်။သူမဖောက်ပြန်ဘူး ဖောက်ပြန်ရင်တောင် နားလည်ပေးနိုင်တယ် တစ်ယောက် နဲ့တစ်ယောက် သည်းခံနိုင်တဲ့အကြောင်းတရားချင်း မတူဘူးလေ။စုံစမ်းမေးမြန်းခြင်းသည်းခံပါ။

 

 


10 Jun 2020     44,081 Views




RELATED

Most Popular of Special or Others

Most Popular of NEWS