BEC-TERO TV

အိန္ဒိယကြက်တောင်မယ် ဂူမာဒီကို ၂ ပွဲပြတ်ဖြင့် ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့တဲ့ သက်ထားသူဇာ

26 Sep 2019     46,332 Views


မနေ့က စတင်ကျင်ပခဲ့တဲ့ Maldives International Challenge 2019 ပြိုင်ပွဲမှာ မြန်မာ့ ကြက်တောင်မယ် သက်ထားသူဇာဟာ ယနေ့ နေလည်ပိုင်းမှာ အိန္ဒိယကြက်တောင်မယ် ဂူမာဒီကို ၂ ပွဲပြတ်ဖြင့် ရှုံးကြွေးပြန်ဆပ်ခွင့်ရခဲ့ပါတယ်။
 
၃၂ ယောက်အဆင့်မှာ သက်ထားသူဇာဟာ ဂူမာဒီကို ၂၁-၁၀ မှတ် ၊ ၂၁-၁၇ ဖြင့် အနိုင်ရကာ ၁၆ ယောက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ၁၆ ယောက်အဆင့်မှာတော့ ဘူးဂေးရီးယား ကြက်တောင်မယ် ဇက်ချီရီနဲ့ ယနေ့ညနေပိုင်းမှာ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဂူမာဒီဟာ 2016 ခုနှစ် က ထိုင်းနိုင်ငံ မှာ ကျင်းပခဲ့တဲ့ Asia Junior Championship ပြိုင်ပွဲမှာ သက်ထားသူဇာ ကို ၂ ပွဲပြတ် နဲ့ အနိုင်ယူထားခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ ၂ ပွဲပြတ်ဖြင့် ပြန်လည် ရှုံးကြွေးဆပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ နိုင်ပွဲကြောင့် သက်ထားသူဇာအတွက် ဂုဏ်ယူရင်း နောက်ပွဲတွေမှာလည်း အနိုင်ရလဒ်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။

 


26 Sep 2019     46,332 Views




RELATED

Most Popular of Special or Others

Most Popular of Sport