BEC-TERO TV

ဝေဖန်နေကြတာတွေနဲ့ပတ်သက်လို့ အောင်လအန်ဆန်းက သူ့ရဲ့သဘောထားကို ယခုလိုပြောပြလာပါတယ်။

05 Feb 2021     45,177 Views


"ချစ်ခင်ရပါသောမြန်မာနိုင်ငံသားများခင်ဗျား အခုအချိန်မြန်မာနိုင်ငံမှာဘယ်လိုအခြေအနေတွေဖြစ်နေတယ်ဆိုတာကျွန်တော်မြင်တွေ့ကြားသိနေပါတယ်။အားလုံးပေးပို့တဲ့ သတင်းစကားတွေအတွက်လည်းကျေးဇူးတင်ပါတယ်။ ကျွန်တော်ကမြန်မာနိုင်ငံမှာတပ်မတော်(စစ်တပ်)ကအာဏာသိမ်းတာနဲ့ပတ်သက်ပြီးတော့ လုံးဝသဘောမတူပါဘူး။ ပြီးတော့အားလုံးလည်းပဲဖြစ်ပေါ်လာတဲ့အခြေအနေအဖြစ်အပျက်တွေကြောင့်စိတ်ပျက်လက်ပျက်ဖြစ်နေကြမယ်ဆိုတာသိပါတယ်။ ဒါပေမယ့်ကျွန်တော်မွေးဖွားကြီးပြင်းခဲ့တဲ့ဒေသနဲ့ကျွန်တော့်မိသားစုအကြောင်းအားလုံးသိမယ်ဆိုရင်ကျွန်တော့်နှလုံးသားကအားလုံးနဲ့အတူတူပဲဆိုတာသိမှာပါ။

ကျွန်တော်ကမြန်မာနိုင်ငံက ကချင်တိုင်းရင်းသားတယောက်ဖြစ်ပြီး၊ကျွန်တော်ကလေးကတည်းက ဒီလိုအခြေအနေတွေကိုကြုံတွေ့ခံစားခဲ့ရတာပါ။ ဒီအခြေအနေအဖြစ်အပျက်တွေကကျွန်တော်တတ်နိုင်တဲ့၊ ကျွန်တော့်လုပ်နိုင်စွမ်းထက်အများကြီးပိုတဲ့အခြေအနေပါ။ ကျွန်တော်ကကိုယ်ခံပညာပေါင်းစုံအားကစားသမားတစ်ဦးပဲဖြစ်ပြီးတော့၊နိုင်ငံရေးသမားတယောက်လဲမဟုတ်ပါဘူး။ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကလည်းသည်အဖြစ်အပျက်တွေမှာပါဝင်လုပ်ဆောင်အဖြေရှာနေကြပါတယ်။ ဒါပေမယ့်အားလုံးကစိတ်ပျက်လက်ပျက်ဖြစ်နေပြီးစိတ်ထွက်ပေါက်ပေးဖို့အတွက်လိုအပ်တယ်ဆိုရင်တော့၊အားလုံးအတွက်ကျွန်တော်အမြဲရှိနေပါတယ်။

ကျွန်တော့်ကိုဝေဖန်ထောက်ပြပြီးသတင်းစကားပေးပို့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ ကျွန်တော်သိကျွမ်းတဲ့အရာကအားကစားပါ။ကျွန်တော်က အားကစားသမားပါ၊နိုင်ငံရေးသမားတယောက်မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာဘယ်လိုနိုင်ငံရေးအခြေအနေဖြစ်နေပါစေ၊မြန်မာနိုင်ငံကိုအကောင်းဆုံးပဲဖြစ်စေချင်ပါတယ်။ဒီလိုမသေချာမရေရာတဲ့ အခြေအနေမှာ၊အားလုံးစည်းစည်းလုံးလုံးရှိနေဖို့ကအရမ်းအရေးကြီးပါတယ်။

ကျွန်တော်အများကြီးမလုပ်ဆောင်နိုင်ပေမယ့်၊ကျွန်တော်တို့ရဲ့လူမှူအဖွဲ့အစည်းကိုပိုမိုမျှတကောင်းမွန်တဲ့အဖွဲ့အစည်းဖြစ်လာစေဖို့ကျွန်တော်တတ်စွမ်းတဲ့ဘက်ကနေအကောင်းဆုံးလုပ်ဆောင်မယ်ဆိုတာကိုတော့ကျွန်တော်အားလုံးကိုကတိပြုပါတယ်။ ကျွန်တော်ရဲ့သဘောထားခံယူချက်ကမြန်မာနိုင်ငံသားအားလုံးနဲ့အတူတူပဲဆိုတဲ့ကျွန်တော့်ခံစားချက်ကိုဖော်ပြဖို့အတွက်ကျွန်တော်အနေနဲ့ဒွိဟဖြစ်ပြီးတွေဝေနေခဲ့တာလုံးဝမဟုတ်ပါဘူး။

ဒါပေမယ့်ကျွန်တော်မှာလဲကျွန်တော့်အခက်အခဲနဲ့ကျွန်တော်ရှိတယ်ဆိုတာကိုနားလည်ပေးဖို့မေတ္တာရပ်ခံပါတယ်။ မြန်မာနိုင်ငံမှာတရားမျှတမှုအစဉ်အမြဲဖြစ်တည်ပါစေလို့ကျွန်တော်ဆန္ဒပြုဆုတောင်းပါတယ်" လို့ သူ့ရဲ့လူမှုကွန်ယက်ကနေ ရေးသာပြောဆိုလာတာ တွေ့ရပါတယ်။


05 Feb 2021     45,177 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS