BEC-TERO TV

နှစ်ပေါင်း ၅၀ အတွင်း ပထမဦးဆုံး ရုပ်ရှင်ထူးချွန်ဆုကြေညာခံရသည့် အာရှမင်းသမီး

07 Dec 2018     43,865 Views


အထင်ကရ ရုပ်ရှင်ထူးချွန်ဆုဖြစ်သည့် Golden Globe ၏ ၇၆ ကြိမ်မြောက် ထူးချွန်ဆုတွင် “Crazy Rich Asians” ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု စကာတင်စာရင်းတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ “Constance Wu” က ကြေညာခြင်းခံခဲ့ထားရသည်။


ယခုကဲ့သို့ အာရှနွယ်ဖွား အမျိုးသမီးတစ်ဦးကို ကမ္ဘာ့ရုပ်ရှင်လောက၏ ထူးချွန်ဆုအဖြစ် ကြေညာခြင်းခံခဲ့ရသည်မှာ နှစ်ပေါင်း ၅၀ အတွင်း ပထမဦးဆုံးအကြိမ်လည်း ဖြစ်သည်။
 
“Crazy Rich Asians” ရုပ်ရှင်ဇာတ်ကားဟာ Golden Globes Award အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအပြင် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု စာရင်းမှာလည်း စကာတင်ရွေးချယ်ခြင်းခံထားရသည်။

ဒီဇာတ်ကားဟာ အမေရိကတွင် အခြေချနေထိုင်သူ စင်ကာပူနွယ်ဖွားစာရေးဆရာ ‘Kevin Kwan’ ရဲ့ ဝတ္တုဖြစ်ပြီး ၂၀၁၃ ခုနှစ်က ထုတ်ဝေခဲ့ပြီး အောင်မြင်ခဲ့တဲ့ စာအုပ်လည်းဖြစ်ပါတယ်။
 
အာရှ(တရုပ်)သားတို့ရဲ့ ထုံးတမ်းစဉ်လာ ရိုးရာဓလေ့တွေကြား အဆင့်အတန်းခြင်း မိုးနဲ့မြေ ကွာခြားလွန်းတဲ့ အလွှာနှစ်ခုက လူငယ်နှစ်ဦး အမေရိကားမှာ ဆုံတွေ့ချစ်ကြိုက်ပြီး ဥစ္စာဓနနဲ့ ချစ်ခြင်းမေတ္တာ၊ ထုံးတမ်းစဉ်လာနဲ့ အတွေးအခေါ်သစ်တို့အကြား ယောက္ခမနဲ့ ချွေးမတို့ကြားက ဖြစ်နေကြပြဿနာတွေကို သဘာဝကျတဲ့ ဒိုင်ယာလော့ခ်တွေနဲ့အတူ ချမ်းသာကြွယ်ဝမှုကို ခမ်းခမ်းနားနားတင်ဆက်ရိုက်ကူးခဲ့တာမို့ ကမ္ဘာကျော်တဲ့ အာရှအချစ်ဇာတ်ကားလေး ဖြစ်ခဲ့ပါတယ်။

ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေး ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေး Warner Bros. က ထုတ်လုပ်ရိုက်ကူးခဲ့ပြီး “Constance Wu” နဲ့အတူ ယောက္ခမအဖြစ်သရုပ်ဆောင်တဲ့ နဲ့အတူ ယောက္ခမအဖြစ်သရုပ်ဆောင်တဲ့ “Michelle Yoe” နဲ့ မင်းသား “Nick Young” တို့က ခေါင်းဆောင်ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
 
ကမ္ဘာ့ရုပ်ရှင်လောကမှာ ၁၉၆၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Flower Drum Song” ရုပ်ရှင်ကားမှာ ဂျပန်−အမေရိကန် မင်းသမီးဖြစ်တဲ့ “Miyoshi Umeki” ပြီးရင် နှစ်ပေါင်း ၅၀ အတွင်း “Constance Wu” က ပထမဦးဆုံး စကာတင်စာရင်း ကြေညာတဲ့အထဲပါဝင်ခဲ့တဲ့ တရုပ်−အမေရိကန် မင်းသမီးဖြစ်လာခဲ့ပါတယ်။

(၇၆)ကြိမ်မြောက် Golden Globe ထူးချွန်ဆု စကာတင်စာရင်းကို ဒီဇင်ဘာလ ၆ ရက်နေ့က ကြေညာခဲ့ပြီး လာမည့် ဇန်နဝါရီလ ၆ ရက်နေ့မှာ ထူးချွန်ဆုများကို ချီမြှင့်ပေးသွားမည်ဖြစ်သည်။


>> Crazy Rich Asians ဇာတ်ကား စာရေးဆရာကို တရားခံပြေးအဖြစ် စင်ကာပူထုတ်ပြန်


07 Dec 2018     43,865 Views




RELATED

Most Popular of Movies

Most Popular of NEWS