BEC-TERO TV

ဘန်လေအသင်းကို ရှုံးပြီးနောက် ထုတ်ပယ်ခံရမယ့်နည်းပြစာရင်းမှာ ထိပ်ဆုံးရောက်လာတဲ့ ဆိုးလ်ရှား

23 Jan 2020     43,608 Views


မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့က အိုးထရက်ဖို့စ်ကွင်းမှာ ကစားခဲ့တဲ့ ဘန်လေအသင်းနှင့်ပွဲစဉ်မှာ ၀-၂ ဖြင့်ရှံးနိမ့်ခဲ့ပါတယ်။ မန်ယူအသင်းဟာ အိမ်ကွင်းတွင် ဘန်လေအသင်းကို ရှုံးနမ့်ခြင်းမရှိသည်မှာ ၁၉၆၂ ခုနှစ်ကတည်းကဖြစ်ပြီး (၅၈) နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။အဆိုပါ ရှုံးနိမ့်မှုကြောင့် အသင်းပရိတ်သတ်တွေဟာ လှောင်ပြောင်ခဲ့ကြပြီး အသင်းဂန္ထဝင်နောက်ခံလူ  ဖာဒီနန်ကလည်း “ အလွန် ရှက်စရာကောင်းတယ် ” လို့ဝေဖန်သွားခဲ့ပါတယ်။

ဖာဒီနန်က ‘ ကျနော် ဒီမှာထိုင်ပြီးကြည့်ရတာ အလွန်ရှက်ပါတယ်။ လက်ခံလိုမရတဲ့ အရှုံးသာဖြစ်ပြီး ပရိတ်သတ်တွေလည်း ကွင်းထဲကနေ ထွက်ခွာသွားကြပါတယ်။ ဒီအတိုင်းဆို အိုးလ်ထရက်ဖိုစ်ကို ဘယ်သူမှ လာကြည့်တော့မှာ မဟုတ်ပါဘူးလို့ ’ ပြောဆို ဝေဖန်သွားခဲ့ပါတယ်။  

ဘန်လေအသင်းကို ရှုံးနိမ်ခဲ့ပြီးနောက် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်တွင် အသင်းကနေထုတ်ပယ်ခံရမယ့် နည်းပြအလေးပေးမှုတွင် ထိပ်ဆုံးသို့ရောက်ရှိလာခဲ့ပါတယ်။

အလေးပေးချက်များ

ဆိုးလ်ရှား(မန်ယူ) 6:4
အက်ဒီဟောင်း(ဘုန်းမောက်) 2:1
ဒင်းန်စမစ်(အက်စတွန်ဗီလာ) 4:1
ဒန်နီယဲလ်ဖာ့ခ်(နောဝစ်ချ်) 6:1
ဂရေဟမ်ပေါ်တာ(ဘရိုက်တာ) 25:1
ရွိုင်းဟော့ဒ်ဆန်(ပဲလေ့စ်) 33:1
ဟာဆန်ဟူတယ်လ်(ဆောက်သမ်တန်) 33:1 တို့ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး(၄)ပွဲတွင် (၃)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး အဆင့်(၄)နေရာမှ ချဲလ်ဆီးနှင့် (၆)မှတ်၊ အဆင့်(၁)နေရာမှ လီဗာပူးလ်အသင်းနှင့် အမှတ််(၃၀)အထိ ကွာဟနေခဲ့ပြီ ဖြစ်ပါတယ်။

Highlight


23 Jan 2020     43,608 Views




RELATED

Most Popular of Football

Most Popular of Sport