BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ONE Championship ကို ပရိသတ်မပါပဲ ကျင်းပမည်

19 Feb 2020     84,206 Views


ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ပြုလုပ်မည့် ONE: KING OF THE JUNGLE ယှဉ်ပြိုင်မှု ပွဲစဉ်များကို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ပရိသတ်များမပါပဲ တံခါးပိတ်ကာ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း ONE Championship က သတင်းထုတ်ပြန်ထားသည်။

ပြိုင်ပွဲကျင်းပရာ ကွင်းအတွင်းသို့ ပရိသတ်များ လာရောက်ကြည့်ရှုခွင့် မပေးသော်လည်း ပြိုင်ပွဲအစအဆုံးကို ရုပ်သံလိုင်းများ၊ လူမှုကွန်ယက်နဲ့ YouTube ချန်နယ်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

“စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စပ် ဖြစ်ပွားနေမှုအခြေအနေတွေကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ONE: KING OF THE JUNGLE ပွဲကို တံခါးပိတ်ကျင်းပဖို့ ဆုံးဖြတ်လိုက်ရတာပါ။ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုတော့ နိုင်ငံပေါင်း ၁၅၀ ကနေ ကြည့်ရှုနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ONE Championship ရဲ့ ဥက္ကဋ္ဌလည်းဖြစ် စီအီးအိုလည်း ဖြစ်တဲ့ Chatri Sityodtong က သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်ကနေ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကြေညာအသိပေးခဲ့ပါတယ်။

အဆိုပါပွဲစဉ်အတွက် လက်မှတ်ဝယ်ထားကြတဲ့ ပရိသတ်တွေကို လက်မှတ်ခတွေ အပြည့်အဝပြန်အမ်းသွားမှာဖြစ်ပါတယ်။ ကွင်းထဲမှာ ပရိသတ်လာရောက်ကြည့်ရှုခွင့်ကို တားမြစ်လိုက်သော်လည်း ပွဲစဉ်အချိန်ဇယားအတိုင်း ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ONE: KING OF THE JUNGLE မှာ အဓိကပွဲစဉ်အဖြစ် ထိုင်းအမျိုးသမီး ကစ်ဘောက်ဆင်ချံပီယံ Stamp Fairtex နဲ့ အမေရိကန်မှ Janet Todd တို့ရဲ့ စိန်ခေါ်ပွဲဖြစ်ပါတယ်။


19 Feb 2020     84,206 Views




RELATED

Most Popular of Boxing

Most Popular of NEWS