BEC-TERO TV

လူချစ်လူခင် ပေါအောင် နေကြမယ်

24 Jun 2020     44,936 Views


လူချစ်လူခင်ပေါတဲ့ လူပျော်တွေတွေ့ရင် အားကျမိပါသလား။ သင်လည်း လူချစ်လူခင်ပေါအောင် စွမ်းဆောင်နိုင်ပါတယ်။ လူတိုင်းက သင့်ကိုစကားပြောလာပါလိမ့်မယ်။ ဦးစားပေးလာမယ်၊ အသိမိတ်ဆွေတွေ ပေါလာမယ်၊ လူချစ်လူခင် ပေါများအောင်နေတတ်တဲ့ ဉာဉ်က လူတိုင်းမှာမရှိပါဘူး လူနည်းစုပဲ ကျွမ်းကျင်တတ်မြောက်နိုင်ကြပါတယ်။ သူတို့နဲ့ လူတိုင်းက ခင်ချင်ကြမှာပါပဲ။ ဒီတော့ သင်လည်း ခုပြောပြပေးမယ့် အချက်အလက်တွေရဲ့ အကူအညီနဲ့ လူချစ်လူခင်ပေါလာဖို့ ခုပဲ စလုပ်လိုက်ပါတော့။

၁။ ပြုံးပါ၊ နွေးထွေးပါ

ဒါဟာ ပြီးပြည့်စုံတဲ့ ပထမဆုံးခြေလှမ်းပဲ။ တချိန်လုံး မျက်နှာကြီးစူပုတ်ပြီး စိတ်တိုမနေပါနဲ့။ သင်ကိုယ်တိုင် ပြုံးပျော်နေမယ်ဆိုရင် သင့်အပျော်တွေက ပတ်ဝန်းကျင်ကို ကူးစက်ပျံ့နှံ့သွားပါတယ်။

၂။ ကောင်းကောင်းမွန်မွန် ဆက်သွယ်ပြောဆိုပါ

ကိုယ်ရေးကိုယ်တာ ဝင်ရောက်စွက်ဖက် တာမျိုးမလုပ်ဘဲ စိတ်ဝင်စားစရာကောင်းတဲ့ စကားတွေပြောပါ။ သင်သိထားတာတွေ၊ သင်ပြောချင်တာတွေကို ဦးစားမပေးပါနဲ့။ တဖက်လူရဲ့ စကားကို နားထောင်ချင်စိတ် ရှိပြီး အဲ့ဒီ့အပေါ်မှာ ပျော်မွှေ့စွာ လိုက်ပြောပေးပါ။

၃။ တစ်ဖက်လူရဲ့ ဆိုလိုရင်းကို စဉ်းစားပါ

ကျွန်တော်တို့အများစုဟာ ကိုယ့်အမြင်ကိုပဲ ဦးစားပေးတတ်ကြတာမှန်ပေမဲ့ တစ်ဖက်လူက ဘယ်လိုတွေးမိပြီး ဘယ်လိုဆိုလိုရင်းရှိတယ်ဆိုတာကို စဉ်းစားပေးသင့်ပါတယ်။ လူချစ်လူခင် ပေါချင်တယ်ဆိုရင်ပေါ့။

၄။ ရန်မလိုပါနဲ့

သင့်ရဲ့ တုံ့ပြန်ပြောဆိုမှုတွေမှာ ရန်လိုတာ၊ ရိုင်းစိုင်းတာမျိုး မဖြစ်အောင် သတိထားရပါမယ်။ လူတော်တော်များများဟာ တဖက်လူကို အရှက်ခွဲလိုက်ရရင်၊ အားငယ်အောင် ပြောလိုက်ရရင် သာယာသွားတတ်ကြပါတယ်။ အဲ့ဒီ့လိုလူမျိုး မဖြစ်ပါစေနဲ့။

၅။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်ချက်အပြည့်ရှိပါ၊ မာနတခွဲသားနဲ့ နေဖို့တော့မသင့်

သင့်ကိုယ်သင် ယုံကြည်ချက် အပြည့်ရှိပြီး မာနစိတ် ထားတတ်ပါလိမ့်မယ်။ သင်တစ်လ ငွေဘယ်လောက်ရှာနိုင်တာ၊ သင်ဘာ ဘွဲ့ထူး၊ဂုဏ်ထူးတွေ ရထားတာ တွေအပေါ်မှာ ဂုဏ်ယူမိနေပါလိမ့်မယ်။ ဒါပေမဲ့ တခြားလူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဒါတွေသိအောင် ချပြစရာမလိုပါဘူး။ စိတ်အတွင်းမှာ မာနရှိပါ။ ဒါပေမဲ့ လူသိအောင် ချပြစရာမလိုပါဘူး။ ထုတ်ပြောစရာမလိုအောင် သိကြပါလိမ့်မယ်။

၆။ အကောင်းမြင်စိတ် ရှိပါ

ပျော်ပျော်နေ။ အဆိုးတွေကို မြင်ယောင်မနေပါနဲ့။ သင့်ဘဝရဲ့ ပျော်စရာ အခိုက်အတန့်လေးတွေကို သင့်ပတ်ဝန်းကျင်မှာ ဝေငှ ပျော်ပေးလိုက်ပါ။ ပျော်ပျော်နေတတ်တဲ့သူရဲ့ မျက်လုံးက တောက်ပြီး မိတ်ဆွေတွေကို ဆွဲခေါ်တယ်၊ လေးစားစေတယ်။

၇။ လူတိုင်းကို လေးစားပါ

သူတို့က ကိုယ့်အပေါ် လေးစားနေသရွေ့ပေါ့။ လူချစ်လူခင် ပေါများဖို့ သင့်ပတ်ဝန်းကျင်ကလူတိုင်းကို လေးစားသမှု ရှိရပါမယ်။ သင့်ကို စောင့်ကြည့်နေတဲ့ တစ်စုံတစ်ယောက်ဟာ သင့်နားမှာ အမြဲရှိနေတယ်လို့ သိထားပါ။ ပိုအလေးပေး ဆက်ဆံတာ မရှိရသလို၊ နှိမ့်ချပြီး ဆက်ဆံတာမျိုးလဲ မလုပ်ရပါဘူး။

၈။ သဘောလွယ်တဲ့သူ မဖြစ်ပါစေနဲ့

သင်သာ ကောင်းနေရင် ခေါင်းမရွေ့ပါဘူး။ ရိုင်းစရာ ရှိလာရင်လည်း ရိုင်းလိုက်ပေါ့။ ဒါပေမဲ့ သင့်ဒေါသနဲ့ ရိုင်းစိုင်းမှုက တရားမျှတမှု ရှိနေရမယ်။ ဒါဆိုရင်တော့ သင့်ကို အလေးထားလာမယ်၊ သင်ဟာ လူကောင်းတစ်ယောက်ပဲလို့ ဆက်တွေးမြင်နေကြမယ်၊ ဆက်လေးစားနေနိုင်မယ်။

၉။ ရယ်သာရယ်

ချစ်စရာကောင်းတဲ့ ရယ်ခြင်းမျိုးကို လူတိုင်းနှစ်ခြိုက်ပါတယ်။ ဘဝကို ပျော်ပိုက်၊ တခြားသူတွေနဲ့ အချိန်သုံး အဲ့ဒီ့အပြုံး၊ အရယ်မျိုးနဲ့လည်း ရယ်သာရယ်။ ပျော်စရာကောင်းအောင်နေပြီး ခပ်ကျယ်ကျယ်သာ ရယ်ချပလိုက်။ သင့်နေ့စဉ်ဘဝမှာ သင့်ရဲ့ ပျော်စရာ အရယ်အပြုံးကြောင့် လူချစ်လူခင်ပေါပြီး ပိုပျော်ဖို့ ကောင်းလာပါလိမ့်မယ်။

(ပိုပိုလေး)

 


24 Jun 2020     44,936 Views




RELATED

Most Popular of Idea Can Do

Most Popular of Life Style