BEC-TERO TV

မိုရီဆာကီဝင်း (အဝင်း) ပါဝင်သည့် Ready Player One မကြာမီရုံတင်မည်

16 Oct 2017     44,211 Views


မြန်မာနွယ်ဖွား ဂျပန်နိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော်တစ်ဦးဖြစ်သူ မိုရီဆာကီဝင်း ပါဝင်ပြီး ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာ စတီဗင်စပီးဘတ်ခ် ရိုက်ကူးသည့် “Ready Player One” ဟောလိဝုဒ် သိပ္ပံဇာတ်လမ်းရုပ်ရှင် မကြာမီရုံတင်ပြသတော့မည်ဖြစ်သည်။
 
သက္ကရာဇ် ၂၀၄၅ ခုနှစ်မှာ လူဦးရေတိုးပွားမှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ စွမ်အင်ရင်းမြစ်များ ခေါင်းပါးလာမှုတွေကို ရင်ဆိုင်နေရပါတယ်။ အဲဒီအချိန်မှာ ဂိမ်းတီထွင်သူတစ်ဦးက တစ်ကယ်သာယာလှပတဲ့ နိဗ္ဗန်ဘုံကြီးနဲ့မခြားတဲ့ “OASIS” ဆိုတဲ့ အတုအယောင်ကမ္ဘာကြီး တီထွင်ခဲ့ပြီး ဒီထဲကို ဝင်ရောက်နိုင်သူဟာ မုချမသွေချမ်းသာသုခနဲ့ ပြည့်စုံစေရမည်ဟု ကတိပြုကာ ဝင်ရောက်လိုသူများကို ဖိတ်ခေါ်ခဲ့ပါတယ်။
 
OASIS ကမ္ဘာကြီးထဲကို အမှန်တစ်ကယ်ဝင်ရောက်နိုင်ဖို့ “Easter Egg” ဆိုတာကို ဂိမ်းတီထွင်သူက ဖွက်ထားပြီး ဂိမ်းကစားသူက ရှာဖွေရမှာဖြစ်ပါတယ်။ “Easter Egg” ကိုရှာဖွေနိုင်ဖို့ ပထမဆုံးလုပ်ရမှာကတော့ သော့သုံးချောင်းကိုရှာရမှာဖြစ်ပါတယ်။ အဲဒီနောက် သောသုံးချောင်းနဲ့ ဂိတ်သုံးဂိတ်ကို ဖြတ်ကျော်နိုင်မှသာ “Easter Egg” ကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။

 

အဆိုပါ “Ready One Player” ဇာတ်ကားထဲမှာ မိုရီဆာကီဝင်း(အဝင်း) ဟာလည်း ဒုက္ခဆင်းရဲနဲ့ရင်ဆိုင်နေရသူတစ်ဦးမို့ OASIS ဂိမ်းကို ဝင်ရောက်ဆော့ကစားတဲ့ ဆယ်ကျော်သက်လူငယ် “Daito” အဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။
 
စာရေးဆရာ Ernest Cline ရဲ့ ၂၀၁၁ ခုနှစ်က ဝတ္ထုကို ဒါရိုက်တာ Steven Spielberg က ရုပ်ရှင်အဖြစ် ဖန်တီးပုံဖော်သွားမှာဖြစ်ပါတယ်။ E.T, Schindler’s List, Jurassic Park, Transformers အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ဖူးသူတိုင်း ဒါရိုက်တာ Steven Spielberg ရဲ့ လက်ရာ ပြောင်မြောင်မှုကို သိပြီးသားဖြစ်ပါလိမ့်မယ်။
 
ဒါကြောင့်မို့ ၂၀၁၈ နှစ်ဆန်းပိုင်းလောက်မှာ ရုံတင်တော့မယ့် စွန့်စားခန်းသိပ္ပံဇာတ်ကား “Ready Player One” ဟာ စောင့်မျှော်ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ကြောင်း သတင်းပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာ မြန်မာလူမျိုး မိုရာဆာကီဝင်းရဲ့ နိုင်ငံတစ်ကာတန်းဝင် သရုပ်ဆောင်ချက်တွေ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်။

16 Oct 2017     44,211 Views




RELATED

Most Popular of Movies

Most Popular of Entertainment