BEC-TERO TV

မော်လ်ဒိုက် ကြက်တောင်ပြိုင်ပွဲတွင် ဒုတိယဆုနဲသာ ကျေနပ်ခဲ့ရတဲ့ သက်ထားသူဇာ

23 Sep 2019     25,550 Views


မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပနေသည့် Maldives International Future Series 2019 ကြက်တောင်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကြက်တောင်မယ် သက်ထားသူဇာဟာ အိန္ဒိယ ကစားသမား မယ်လ်ဗီကာဘန်ဆော့ဒ် ကိုရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုနဲသာ ကျေနပ်ခဲ့ရပါတယ်။
 
သက်ထားသူဇာဟာ အဆိုပါပြိုင်ပွဲတွင် Round 2 (၁၆ဦးအဆင့်)ရှုံးထွက်ပွဲကနေ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ဆီးမီးဖိုင်နယ်အဆင့်မှာ အိန္ဒိယ ကစားသမား ကို အနိုင်ယူပြီး ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ဖိုင်နယ်မှာပဲ အိန္ဒိယ ကစားသမား မယ်လ်ဗီကာဘန်ဆော့ဒ် ကို ရှုံးနိုမ့်ခဲ့တာဖြစ်ပါတယ်။

သက်ထားသူဇာရဲ့ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က “သူ ရှုံးသွားတယ်။ ကစားတာလည်း သူနည်းနည်းလေး နေတယ်။ ပွဲပန်းတာများတာလည်း ပါတယ်။ လက်ရည်မှာ သူကတောင် သာသေးတယ်။ ပြိုင်ပွဲမှာဖောက်တာ မျိုးက ဖြစ်တတ်ပါတယ်။ လေးနေတော့ ကိုယ်လိုတိုင်းမရောက်ပဲ ဟိုဘက်ကအတိုင်းလိုက် ကစားပေးနေရ တယ်။ နောက် အမှားတွေများတယ်” လို့ မီဒီယာတွေထံပြောကြားခဲ့ပါတယ်။

အိန္ဒိယ ကစားသမား မယ်လ်ဗီကာဘန်ဆော့ဒ် ဟာ သက်ထားသူဇာကို(၂၁-၁၃၊ ၂၁-၁၁)ဖြင့် နှစ်ပွဲပြတ်အနိုင်နဲ့ ဗိုလ်စွဲသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။  မြန်မာလက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် (၇၀) မှာရပ်တည်နေတဲ့ အားကစားမယ်တစ်ယောက်ဖြစ်ပါတယ်။
 
သက်ထားသူဇာကတော့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရေး အတွက် စီးရီးပြိုင်ပွဲတွေမှာ ရမှတ်တွေ လိုက်လံ စုဆောင်းနေသူ ဖြစ်ပါတယ်။


23 Sep 2019     25,550 Views




RELATED

Most Popular of Special or Others

Most Popular of Sport