BEC-TERO TV

ဘဲ အမြန်ကင်နည်း

01 Jun 2017     45,475 Views


မြန်မြန်ဆန်ဆန်နဲ့ ဘဲကင်စားကြမယ်။ စုစုပေါင်း အချိန် ၂ နာရီပဲ ကြာပါတယ်။
 
ပါဝင်ပစ္စည်းများ
 
ဘဲ
ဆား - အနည်း
ရှာလကာရည် - စတီးဇွန်း ၁ ဇွန်း
ပဲငံပြာရည် - စတီးဇွန်း ၁ဇွန်း
သကြား - စတီးဇွန်း ၁ ဇွန်း
မန်ကျည်းသီးစေ့ခန့်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
5 Spice Powder - အနည်းငယ်
ပဲငံပြာရည်အနောက် - လက်ဖက်ရည် ဇွန်းတစ်ဝက်
အကင်ရည် - စတီးဇွန်း ၁ ဇွန်း
 
ဘဲကင်နည်း
 
ဘဲကို ရှာလကာရည် စတီးဇွန်း ၁ ဇွန်း ၊ ပဲငံပြာရည် စတီးဇွန်း ၁ဇွန်း နဲ့ ရေမြုပ်ရုံထည့်ပြီး တဖက်ကို ၁၅ မိနစ်နဲ့ နာရီဝက် ပြုတ်ပါ ။ ၁၀ မိနစ်လောက် အအေးခံပြီး အရသာရည်နဲ့ အနှံသုတ်လိမ်းပြီး နာရီဝက်လောက် နှပ်ထားပါ ။
အရသာ အရည်အတွက် ရှာလကာရည် စတီးဇွန်း ၁ ဇွန်း ၊ ပဲငံပြာရည် အကြည် စတီးဇွန်း ၁ ဇွန်း ၊ သကြား စတီးဇွန်း ၁ ဇွန်း ၊ ဆား၊ မန်ကျည်းသီးစေ့ခန့် ၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ၊ 5 Spice Powder အနဲငယ် ၊ ပဲငံပြာရည်အနောက် လက်ဖက်ရည် ဇွန်းတစ်ဝက် ၊ အကင်ရည် စတီးဇွန်း ၁ ဇွန်း အားလုံး အရည်ပျော်အောင် ဖျော်ထားပါ။
နာရီဝက် နှပ်ပြီးရင် Oven မှာ 175 Degree နဲ့ တဖက်ကို နာရီဝက်ကင်ပြီး အခြားတဖက်ကို မိနစ်၂၀ ခန့် ကင်ပါ။ တဖက်မလှန်ခင် ကျန်တဲ့ အရည်ကို သုတ်လိမ်းပေးပါ။
အသားလဲနူး အရေခွံလဲကျွတ်အောင် ကင်ချိန်က စုစုပေါင်းမှ ၂နာရီ ပဲ ကြာပါတယ် ။
 
Photo and Credit : မြန်မာနိုင်ငံအတွင်း အရသာရှိသော စားသောက်ဖွယ်ရာများ

01 Jun 2017     45,475 Views




RELATED

Most Popular of Food

Most Popular of Life Style