BEC-TERO TV

သင်္ဘောသီးကျောက်ကျော

16 Oct 2017     44,633 Views


 
ပြုလုပ်ပုံလေးကလွယ်ပါတယ်....
၁.အာဂါအာဂါ တံဆိပ်...
၂.သကြား ၂၅ကျပ်သား...
၃.နွားနို့ အုန်းနို့ ရေ ဆတူ ၁လီတာခွဲ....
၄.ကျောက်ကျောမှုန့်နဲ့သကြားကို ဆတူမွှေထားပါ....
၅.သဘောင်္သီးတလုံးမှည့်ကောင်းတဲ့ဟာကိုအစေ့ထုတ် အတွင်းသားလေးနည်းနည်းပါခြစ်ထုတ်ထားပေးပါ
၆.မိမိထည့်လိုသော အသီးလေးတွေပြင်ထားပါ...
ရေ အုန်းနို့ နွားနို့ဆတူကိုဆူလာပြီဆို ခုနက သကြားနဲ့ကျောက်ကျောမူှန်ရောထားတာလေးထည့်ပြီး၈မိနစ်လောက်ဆက်တိုက်မှွေပေးပြီး သဘောင်္သီးခြမ်းထဲကိုထည့်ပေးပါ အသီးလေးတွေ ထည့်ပေးပါ ၅မိနစ်လောက်အပြင်မှာထားပြီးရင်ရေခဲသေတ္တာထဲထည့်လိုက်ပါကပိုကောင်းပါတယ်......
မထည့်လဲရပါတယ်......
ပိုတဲ့ကျောက်ကျောကိုတော့ ဗန်းတခုထဲထည့် လိုချင်သလို သီးစုံထည့်လို့ ရပါတယ်။
(မှတ်ချက် အာဂါတထုတ်ကိုသဘောင်္သီးတလုံးစာနဲ့ သီးစုံတဗန်းကောင်းကောင်းရပါတယ်)
ကျေးဇူးတင်ပါတယ်...........
 
 
 
Credit >>> Mi Mi Tun

16 Oct 2017     44,633 Views




RELATED

Most Popular of Food

Most Popular of Life Style