BEC-TERO TV

မက်ဂရီဂေါ် နှင့် ခါဘစ်တို့ကို စိန်ခေါ်လိုက်တဲ့ လက်ဝှေ့ဖိုက်တာ မေဝယ်သာ

20 Jan 2020     11,945 Views


မနေ့က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ UFC 246 ပြိုင်ပွဲမှာ အိုင်ယာလန်နို်ငငံသား MMA ဖိုက်တာ မက်ဂရီဂေါ်ဟာ UFC ဝါရင့် ဖိုက်တာ ဒေါ်နယ် ဆီရိုနီ (Cow Boy) ကို စက္ကန့် ၄၀ အတွင်းမှာတင် အလဲထိုးကာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ကမ္ဘာ့လက်ဝှေ့ အကျော်အမော် မေဝယ်သာက အနိုင်ရရှိခဲ့တဲ့ မက်ဂရီ နှင့် ရုရှားဖိုက်တာ ခါဘစ် တို့ကို အင်စတာဂရမ်ကနေ ပို့စ်စတာ နှစ်ခုတင်ကာ စိတ်ခေါ်ခဲ့ပါတယ်။

လက်ရှိအချိန်တွင် မက်ဂရီဂေါ်ဟာ eatherweight ၊ lightweight နှင့် welterweight ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ နောက် ၂၀၂၀ မှာတော့ တစ်ခါက ရှုံးနိမ့်ထားခဲ့ဖူးတဲ့ မဟာ ပြိုင်ဘက်ကြီး ခါဘစ်နဲ့လည်း ထိုးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

မက်ဂရီဂေါ်ကတော့  “ကျွန်တော်က ဝိတ်တန်း (၃) ခုစလုံးမှာ ဗိုလ်စွဲထားနိုင်တဲ့ UCF ပြိုင်ပွဲရဲ ပထမဆုံးစားသမားပါ။ နောက် အရာအားလုံးဟာ သင်ယူမှုတွေသာ ဖြစ်ပါတယ်။ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားလဲ ဆိုတာကို သင်ယူနေရမှာပါလို့ ” ဆိုပါတယ်။

မက်ဂရီဂေါ်နှင့် ဒေါ်နယ် ဆီရိုနီ ထိုးသတ်တဲ့ပွဲကို မေဝယ်သာလည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။ မေဝယ်သာဟာ လက်ဝှေလောကမှာ ရှုံးပွဲတစ်ပွဲမှမရှိဘဲ ပွဲ ၅၀ ထိုးသတ်ရာမှာ (၅၀) ပွဲစလုံးအနိုင်ရရှိထားပါတယ်။

မေဝယ်သာဟာ ငွေရရှိဖို့ တစ်ခုတည်းကိုသာကိုကြ​ည့်ပြီး ထိုးသတ်သူဖြစ်တာကြောင့် နာမည်ကြီးပိုက်ဆံရမယ်ပွဲတွေကိုသာ ရွေးချယ်ထိုးသတ်လေ့ရှိပါတယ်။ ယခုလည်း UFC လောကရဲ့ ဖိုက်တာကြီးတွေဖြစ်တဲ့ မက်ဂရီဂေါ်နဲ့ ခါဘစ်ကို စိန်ခေါ်လိုက်တာကြောင့် လာမယ့် ၂၀၂၀ မှာ ထိုးသတ်ဖြစ် သွားမလား ဆိုတာတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

MMA နှင့် လက်ဝှေ့တို့ဟာ ကစားနည်း အနည်းငယ် ကွဲပြားနေတာကြောင့် ဘယ်သူက ဘယ်သူနည်းစနစ်ထဲကို သွားရောက်ထိုးသတ်မလဲ ဆိုတာကို စိတ်ဝင်စားပါပဲ..။


20 Jan 2020     11,945 Views




RELATED

Most Popular of Boxing

Most Popular of Sport