BEC-TERO TV

တပ်မတော်က အာဏာမသိမ်းဘူးဟု ပြော၍မရကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

26 Jan 2021     44,957 Views


နေပြည်တော်တွင် ယနေ့ ဇန်နဝါရီ ၂၆ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးဟု ပြော၍မရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မီဒီယာ၏မေးခွန်းကိုဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ သတင်းသမားက တပ်မတော်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ပြည်သူများအကြား အာဏာသိမ်းမည်ဟု စိုးရိမ်နေကြောင်း၊ “တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရပါသလား" ဟု မေးမြန်းခဲ့သည်။ မေးမြန်းခဲ့မှုနှင့်စပ်လျဉ်း၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက "မရပါဘူး။ ကျွန်တော်ပြောတဲ့အထဲမှာ ပါပြီးသာဖြစ်တယ်။ တပ်မတော်အနေနဲ့ ဒါဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေကို ကျွန်တော်တို့က လိုက်နာသွားမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို လိုက်နာသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီစနစ်ကို မယိမ်းယိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများမှာ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ပြောချင်တာကတော့ တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကို ယူမယ်လို့လည်း မပြောဘူး။ မယူဘူးလို့လည်း မပြောဘူး။ ပြောနိုင်တာ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် လက်ရှိတည်ဆဲဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ လိုက်နာဆောင်ရွက်သွားပါမှာ ဖြစ်ပါတယ်"ဟု ပြန်လည်ဖြေကြားခဲ့သည်။


26 Jan 2021     44,957 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS