ဆားနဲ့ အလှအပ ကျန်းမာရေး
10 Dec 2017 153,297 Views

ဒီတစ်ခါတော့ ဆားရဲ့ အလှအပနဲ့ကျန်းမာရေး Tips လေးတွေ ပြောပြပေးလိုက်တယ်နော်။

၁။ ဆားကို သံလွင်ဆီနဲ့ ဆတူရောစပ်ပြီး Bath Scrub အဖြစ်သုံးလို့ ရပါတယ်။ ရေမချိုးခင် ဆား Bath Scrub နဲ့ အရင်တိုက်ပြီးမှ ရေချိုးပါ။ ဆေလ်သေတွေအားလုံးကို ဖယ်ရှားပြီးသားဖြစ်သွားပါလိမ့်မယ်။
(သံလွင်ဆီအစား Carrier Oil ဖြစ်တဲ့ Almond Oil, Avocado Oil နဲ့ Peanut Oil တွေကိုလည်းသုံးလို့ရပါတယ်)

၂။ ပထမတစ်ချက်လိုပဲ ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရောစပ်ပြီး မဲနေတဲ့ လည်ပင်း ဂုတ်သားတွေပေါ် ပွတ်လိမ်းပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ပြီးရင်ရေဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးရင် လည်ပင်းဂုတ်သားတွေ ပြန်လည်တောက်ပါလာပါလိမ့်မယ်။

၃။ အခုလိုဆောင်းတွင်းမှာ ဆံသားတွေ ခြောက်ပြီး ဗောက်ထတတ်တဲ့ ကိုကိုမမတွေကတော့ ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ခေါင်းပေါ်အနှံ့ဖြူးပြီး နှိပ်ပေးပါ။ နှိပ်ပြီးရင် အပူထွက်အောင် ၅မိနစ် ၁၀မိနစ်စောင့်ပြီး သုံးနေကြ ခေါင်းလျှော်ရည်နဲ့ပဲ လျှော်လိုက်ပါ။ ဗောက်တွေ သိသိသာသာ သက်သာသွားပါလိမ့်မယ်။

၎။ ရေနွေးနွေးလေးနဲ့ဆားကို ဖျော် Spray Bottle ထဲထည့်ပြီး ဆံပင်တွေပေါ်လိုက်ဖျန်းပေးရင် ဆံသားတွေကို ပိုတောက်ပစေပြီး အလှပိုစေပါလိမ့်မယ်။

၅။ ဆားနည်းနည်းနဲ့ မုန့်ဖုတ်ဆော်ဒါနည်းနည်းကို ရောပြီး သွားတိုက်ဆေးလိုအသုံးပြုမယ်ဆိုရင်လည်း သွားတွေကို ဖြူဖွေးတောက်ပြောင်စေပြီး ခံတွင်းအနံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။

၆။ အာသီးနာတာ လည်းချောင်းနာတာတွေ ဖြစ်နေရင်တော့ ရေနွေးတစ်ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပြီးပျော်အောင်မွှေပါ။ ပုံထဲကလိုခေါင်းကို နောက်လှန်ပြီး စက္ကန့် ၃၀နဲ့၄၀ကြာအောင် ပလုတ်ကျင်းပေးပါ။ အရည်တွေကို မမျိုချဘဲ ပြန်ထွေးပေးပါ။ အဲလိုမျိုး တစ်နေ့ကို လေးကြိမ်လုပ်ပေးပါ။ သုံးလေးရက်အတွင်း သက်သာလာပါလိမ့်မယ်။







