BEC-TERO TV

မြန်မာဆိုတာ ကမ္ဘာကသိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ “ဘုန်းမြတ်မင်း” MGT09 (ရုပ်သံ)

12 Sep 2019     44,103 Views


Myanmar’s Got Talent 2019 ရဲ့ ပြိုင်ပွဲဝင်တွေထဲက အသက် ၅ နှစ်အရွယ် မြန်မာ့သိုင်းပညာရှင်လေး “ဘုန်းမြတ်မင်း” က မြန်မာဆိုတာကို ကမ္ဘာက သိအောင်၊ လေးစားအောင် သူကျွမ်းကျင်တဲ့ မြန်မာ့သိုင်းစွမ်းရည်နဲ့အတူ စွမ်းဆောင်နိုင်ခဲ့တဲ့ တာဝန်ကျေတဲ့ ကလေးတစ်ယောက် ဖြစ်သွားပါပြီ။
 
 
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ယှဉ်ပြိုင်နေကြတဲ့ Got Talent ပြိုင်ပွဲဝင်တွေထဲက အကောင်းဆုံး အတော်ဆုံး ကလေးအဖွဲ့ (၅)ဖွဲ့ကို Got Talent Global က စုစည်းပေးခဲ့ရာ မြန်မာနိုင်ငံက “ဘုန်းမြတ်မင်း” က ဒုတိယနေရာကနေ ပါဝင်လာခဲ့ပါတယ်။ Got Talent Global ရဲ့ စုစည်းမှုထဲ ဝင်နိုင်ဖို့ဆိုတော တော်ရုံအရည်အချင်းနဲ့တော့ မဖြစ်နိုင်ပါဘူး။
 
 
ကမ္ဘာအရပ်ရပ်က ကြည့်ရှုသူပေါင်း ၄ သန်းခွဲကျော် ရှိနေတဲ့ ရုပ်သံရဲ့ အောက်မှာ “ဘုန်းမြတ်မင်း” ကို ချီးကျူးထားကြတဲ့ ကွန်မန့်တွေကိုလည်း မျက်ရည်လည်မိအောင် တွေ့မြင်နေရပါတယ်။ “ဘုန်းမြတ်မင်း” (MGT09) က ဆီမီးဖိုင်နယ်အဆင့်ကိုလည်း ဖြတ်ကျော်ပြီး အခုဆိုရင် Grand Final ယှဉ်ပြိုင်ဖို့အတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပါပြီ။
 
 
အခုလာမယ့် တနင်္ဂနွေည ၉ နာရီမှာ Myanmar’s Got Talent ရဲ့ Grand Final ပွဲကြီးကို MRTV 4 ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်တော့မှာဖြစ်လို့ Myanmar’s Got Talent 2019 မှာ ဘယ်ပြိုင်ပွဲဝင်ကများ WINNER ဖြစ်လာမလဲဆိုတာ စောင့်ကြည့်အားပေးကြပါဦး။

12 Sep 2019     44,103 Views




RELATED

Most Popular of Myanmar’s Got Talent

Most Popular of NEWS