BEC-TERO TV

အီဂျစ်တွင် ချန်ပီယံဆု ဗိုလ်စွဲပြီးနောက် ကမ္ဘာ့အဆင့် (၆၅) အထိရောက်လာတဲ့ သက်ထားသူဇာ

21 Oct 2019     42,973 Views


မနေ့က အောက်တိုဘာလ (၂၀) ရက်နေ့က ကစားခဲ့တဲ့ Egypt International 2019 ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာ ကြက်တောင်မယ် သက်ထားသူဇာဟာ ချန်ပီယံဆုကာကွယ်နိုင်ခဲ့ပါတယ်။

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ Egypt International 2019 ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဝေးလ်စ်နိုင်ငံသူ ဂျော်ဒန်ဟတ်ကို ၂၁-၆၊ ၁၁-၁ ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲငယ်တစ်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ဂျော်ဒန်ဟတ်က ၁၂-၁ ဖြင့် အရှုံးပေးသွားခဲ့ပါတယ်။

သက်ထားသူဇာဟာ ယခု gypt International  ပြိုင်ပွဲတစ်ခုတွင် ပထမဆုံးအကြိမ် (၂)နှစ်ဆက်ဗိုလ်စွဲခြင်းဖြစ်ပါတယ်။ Egypt International 2018 ပြိုင်ပွဲတုန်းကလည်း သက်ထားသူဇာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုကို ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

သက်ထားသူဇာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကမ္ဘာ့အဆင့်  ၇၂ မှာရပ်တည်ခဲ့ပြီး အောက်တိုဘာ (၁၅) ရက်နေ့ သတ်မှတ်ချက်အရ ကမ္ဘာ့အဆင့်  ၆၅ အထိမြင့်တက်လာခဲ့ပါတယ်။ ယခုပြိုင်ပွဲမှာလည်း ဗိုလ်စွဲနိုင်ခဲ့တာကြာင့် ကမ္ဘာ့အဆင့်  ဆက်လက်မြင့်တက်ဖို့ရှိနေပါတယ်။

သက်ထားသူဇာဟာ ၂၀၂၀ တွင် ကျင်းပမည့် ဂျပန်အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်နိုင်ဖို့အတွက် ရမှတ်တွေကို စုဆောင်းနေတာဖြစ်ပါတယ်။ သက်ထားသူဇာဟာ ၂၀၁၉ ခုနှစ်အတွင်း တစ်ဦးချင်းပြိုင်ပွဲ (၄၇) ပွဲပါဝင်ယှဉ်ပြိုင်ခဲ့ပြီး (၃၉) ပွဲအနိုင်ရ ၊ (၈) ပွဲရှုံးနိမ့် ၊ ရမှတ် (၅၈၅၈)မှတ်ကို စုဆောင်းနိုင်ခဲ့ပါတယ်။

နောက်ရမှတ်များ ပိုမိုဆုဆောင်းနိုင်ဖို့အတွက် ဆက်လက်ပြီး ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်သွားမယ်လို့ လည်းသိရပါတယ်။   

သက်ထားသူဇာ၏ နိုင်ငံတကာ အောင်မြင်မှုများ

Greece International Series 2019  ဒုတိယ

Cote D'Ivore International Series 2019  ချန်ပီယံ

Benin  International Series 2019 ချန်ပီယံ

Uganda International Series 2019 - ချန်ပီယံ

Kenya International Series 2019 - ချန်ပီယံ

Egypt International Series 2018 - ချန်ပီယံ

Nepal International Series 2018 - ဒုတိယ

Iran International Series 2018 - တတိယ

Iran International Series 2018 - တတိယ

Maldives International Future Series 2019 ဒုတိယ

Egypt International Series 2019 - ချန်ပီယံ


21 Oct 2019     42,973 Views




RELATED

Most Popular of Special or Others

Most Popular of Sport