BEC-TERO TV

အားကျရတဲ့ ကစားသမားတွေနှင့် Idol ကစားသမားကို ဖွင့်ဟပြောကြားခဲ့တဲ့ ဘတ်ပေ

23 Jan 2020     73,563 Views


ပီအက်စ်ဂျီအသင်း ကြယ်ပွင့်ကစားသမား ကိုင်လီ ဘတ်ပေဟာ သူစံထားရတဲ့ Idol ကစားသမားနှင့် သူကြိုက်တဲ့ ကစားသမားတွေကို La Gazzetta dello Sport သတင်းစားနှင့်ပြုလုပ်တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

အသက် (၂၁) အရွယ် ပြင်သစ်သား ဘတ်ပေဟာ အနာဂါတ်ရဲ့ အလားအလာအရှိဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားပြီး လက်ရှိမှာလည်း သူရဲ့ ခြေစွမ်းတွေနဲ့ စံချိန်တွေကို ရိုက်ချိုးပြနေသူ ဖြစ်ပါတယ်။ ဘတ်ပေရဲ့ ဘောလုံးကစားသမားဘဝမှာ စံထားရတဲ့ Idol ကစားမှာ ဘလွန်းဒီ​အော်ဆု (၅) ကြိမ်ရရှိထားတဲ့ စီရော်နယ်ဒို ပြောကြားခဲ့ပါတယ်။

ဘတ်ပေက ‘ ကျနော်က ပြင်သစ် ဂန္ထဝင်ကစားသမားကြီး ဇီဒန်းတွေခေတ်မှာ ကြီးပြင်လာခဲ့တာပါ။ နောက ဘရာဇီးလ်ကစားသမားတွေကို အရမ်းကြိုက်ပါတယ်။ ပီလီ ၊ ရော်နယ်ဒို (ဘရာဇီးလ်) ၊ ရော်နယ်ဒင်ဟို ၊ ကာကာ တို့ကို သိပ်အားကျခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်ရဲ့ Idol ကတော့ ပေါ်တူဂီ တိုက်စစ်မှူး  ရော်နယ်ဒို ပဲဖြစ်ပါတယ်။ ’

‘ အကယ်လို့ မက်ဆီကိုသာအားကျခဲ့ရင် သူဟာ အခု မိုနာကိုအသင်းမှာသာရှိနေမှာပါ။ ဒါကြောင့် မက်ဆီဆီက နည်းလမ်းမကျတဲ့ တချို့သော အရာတွေကို မယူချင်ပါဘူး။ ရော်နယ်ဒိုရဲ့ ကစားသမားဘဝကသာ ကျနော်ကို လွှမ်းမိုးနိုင်ဆုံး ဖြစ်ပါတယ်။ ’ လို့ ပြောကြားခဲ့ပါတယ်။

ယခု ရော်နယ်ဒိုကစားနေတဲ့ ဂျူဗင်တပ်စ်အသင်းဟာလည်း နည်းပြဆာရီလက်အောက်မှာ အကောင်းဆုံး အနေအထားတွေကို မြင်တွေ့နေရပြီး သူ ရော်နယ်ဒိုလည်း ခြေစွမ်းပြ ဂိုးတွေသွင်းယူနိုင်ဆဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူး ဘတ်ပေကတော့ ဒီနှစ်ရာသီမှာ ပီအက်စ်ဂျီအသင်းနှင့် ချန်ပီယံလိဂ်ဖလား ၊ နိုင်ငံအသင်းနဲ့အတူ ဥရောပဖလား ၊ အိုလံပစ် ဖလားတို့ကို ရရှိဖို့ အာရုံစိုက် ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။

Ref; Forbes


23 Jan 2020     73,563 Views




RELATED

Most Popular of Football

Most Popular of Sport