BEC-TERO TV

English is Fun (Episode 178)

13 Aug 2015     42,813 Views


စာသင်ပြီးပြီဆိုတော့ ပုံပြင်လေးနားထောင်လိုက်ကြရအောင်နော်။ ပုံပြင်လေးရဲ့အမည်ကတော့ မိန်းမပျိုလေးနဲ့ ကြက်မ ( The Young Girl and The Hen) ပဲဖြစ်ပါတယ်။

A Young Girl lived on a farm with her parents. She loved to play with the farm animals.

မိန်းမပျိုလေးတစ်ယောက်ဟာ သူ့မိဘတွေနဲ့လယ်ကွင်းထဲကအိမ်မှာနေပါတယ်။ သူမဟာ လယ်ကွင်းထဲက တိရိစ္ဆာန်လေးတွေနဲ့ ကစားရတာ သိပ်ပျော်တယ်။

One day, while she was playing with the Hens and their Chicks, a Hen pecked her finger and bit it.“Oh, Daddy!” the Young Girl ran to her father, crying and holding out her hand.

တစ်နေ့မှာသူဟာ ကြက်မနဲ့ကြက်ပေါက်ကလေးတွေနဲ့ ကစားနေတုန်း ကြက်မကသူ့လက်ကို ဆိတ်ပြီး ကိုက်လိုက်တယ်။ သူလည်းငိုပြီး “ဖေဖေရေ”ဆိုပြီး သူ့လက်သူကိုင်ပြီး ဖခင်ဆီပြေးတော့တာပေါ့။

The Young Girl’s father asked her, “Oh bonny little girl! What happened?”

မိန်းမပျိုလေးရဲ့ဖခင်က “ငါ့သမီးလေးဘာဖြစ်တာလဲ”လို့မေးခဲ့တယ်။

The Young Girl said, “Oh Daddy! The Hen hurt me! I am so kind to them, yet one of them bites my fingers every time I go to play with them. They are not nice!”

မိန်းမပျိုလေးက “ဖေဖေရေ ကြက်မကြီးကသမီးကိုနာအောင်လုပ်တယ်။ သမီးကသူတို့ကိုကြင်ကြင်နာနာနဲ့ ဆက်ဆံပေမဲ့ သူတို့ကသမီးလက်ချောင်းကိုကိုက်တယ်။ သူတို့တွေမကောင်းဘူး”လို့ပြောလိုက်တယ်။

The Young Girl’s father took her small hand in his own large one. He said “The poor Hens think you have come to harm them or their little children. So they are scared of you and bite in fear.

မိန်းမပျိုလေးရဲ့ဖခင်က သူ့ရဲ့ကြီးမားတဲ့လက်ကြီးနဲ့ သမီးငယ်ရဲ့သေးငယ်တဲ့ လက်ကလေးကို ကိုင်လိုက်တယ်။ “သနားစရာကြက်မလေးက သူ့ကြက်ပေါက်လေးတွေကို သမီးဒုက္ခပေးဖို့လာတယ်ထင်လို့ သမီးကိုကြောက်ပြီး ကိုက်လိုက်တာဖြစ်မယ်”လို့ ပြောလိုက်တယ်။

So the young girl ask “ What should I do father?”

ဒါနဲ့ပဲ မိန်းမပျိုလေးက “ဖေဖေသမီးဘာလုပ်သင့်လဲ”လို့မေးလိုက်တယ်။

Then the father said “You should he careful. First play with them from a distance.When you become friends, then they will never bite you” .

ဖခင်လုပ်သူက သမီးကို “သမီးသထိထားရမယ်။ အစမှာသူတို့နဲ့ဝေးဝေးကနေကစားရမယ်။ သမီးတို့ ရင်းနှီးသွားတဲ့အခါကျရင်တော့ သမီးကိုကိုက်တော့မှာမဟုတ်ဘူး”လို့ပြောလိုက်တယ်။

Her father continued, “My dear girl. You should try to understand and respect each creature. Even if they are not like us, they also have feelings and fears!”

သူ့ဖခင်ကဆက်ပြီ်း “ဖေ့ဖေ့ချစ်သမီးလေး သတ္တ၀ါတိုင်းကို နားလည်ပြီးလေးစားဖို့ သမီးကြိုးစားရမယ်နော်။ သူတို့ကဖေဖေတို့နဲ့မတူဘူးဆိုရင်တောင် သူတို့မှာလည်း ခံစားမှုနဲ့ ကြောက်လန့်မှုတွေ ရှိတယ်”လို့ ရှင်းပြလိုက်တယ်။

The young girl understood and did what her father said and now she is happy with the farm animals.

မိန်းမပျိုလေးဟာ ဖခင်ပြောခဲ့တာတွေကို သဘောပေါက်ပြီးနားလည်အောင်ကြိုးစားခဲ့တယ်။ အခုဆိုရင် လယ်ကွင်းထဲက သတ္တ၀ါလေးတွေနဲ့ပျော်ရွှင်နေပြီဖြစ်ပါတယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ကလေးတွေလည်း ပုံပြင်လေးနားထောင်ပြီး ပျော်ရွှင်နိုင်ကြပါစေနော်။


13 Aug 2015     42,813 Views




RELATED

Most Popular of ENGLISH IS FUN

Most Popular of Kids & Family