BEC-TERO TV

Ph.D ဒေါက်တာဘွဲ့ရရှိသွားတဲ့ခွေးကလေး

26 May 2020     44,068 Views


ဒေါက်တာဘွဲ့၊ ပါရဂူဘွဲ့ စသည့် ဂုဏ်ထူးဆောင်ဘွဲ့များသည် ပုံမှန်အားဖြင့်လူများကိုသာပေးလေ့ရှိပြီး လူမှာတောင် ထူးချွန်ထက်မြက်သူများကိုသာပေးပါတယ်။ ယခုပြောပြမည့်အကြောင်းအရာကတော့ နည်းနည်းထူးဆန်းနေမှာပါ ဘာကြောင့်လဲဆိုတော့ Ph.D ဒေါက်တာဘွဲ့ကို ခွေးကလေး တစ်ကောင်အား ပေးအပ်ချီးမြှင့်ခဲ့လို့ဘဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ အွန်လိုင်းကနေ ၂၀၂၀ အတွက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့ရာတွင် အရမ်းလိမ္မာပြီးထက်မြက်တဲ့ ခွေးလိမ္မာလေး Moose ကိုပါ Ph.D ဒေါက်တာဘွဲ့ ချီး​မြှင့်ခဲ့ပါတယ်။

လက်ဘရက်ဒေါ ရထရီဗာ အမျိုးအစား ၈ နှစ်အရွယ်ရှိ ခွေးလိမ္မာလေး Moose သည် ၂၀၁၄ ကတည်းက ဗာဂျီးနီးယားမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ရောက်ရှိနေခဲ့ပြီး ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာလူနာများကို ကုသပေးသည့်နေရာတွင် အသုံးပြုသည့်ခွေးကလေး ၄ ကောင်အနက် တစ်ကောင် ဖြစ်ပါတယ်။

ကျောင်းတော်ကြီးတွင်ပြုလုပ်ကျင်းပသည့် ပျော်ပွဲရွှင်ပွဲအခမ်းအနားများ၊ မောင်မယ်သစ်လွင်ကြိုဆိုသည့် အခမ်းအနားစသည်တို့တွင်လည်း ခွေးလိမ္မာလေး Moose ကတက်ရောက် ပေးနေရပါတယ်။ စိတ်ကျရောဂါ နှင့် စိတ်ပိုင်းဆိုင်ရာရောဂါခံစားနေရသည့် ကျောင်းသားများကိုလည်း Moose ကကူညီပေး နေရပြီး ကျောင်းသားထောင်ပေါင်းများစွာနှင့် တိုင်ပင်ဆွေးနွေးမှု့ပေါင်း ၇၅၀၀ ကျော်တွင် Moose က အခန်းကဏ္ဍ တစ်ခုကနေပါဝင်ကူညီ ပေးခဲ့ကြောင်း Moose ၏သခင်ဖြစ်သူ လိုင်စင်ရအတိုင်ပင်ခံ ထရန့်ဒေးဗစ် က ပြောပါတယ်။

အချို့လူတွေက ကုသမှု့ခံယူရာတွင် အခြားသူ သို့ အခြားခွေးကလေးများက သူတို့ကိုသက်တောင့်သက်သာဖြစ်စေနိုင်မှု့အပြည့်အဝမပေးနိုင်သော်လည်း ဒေါက်တာ Moose ကအပြည့်အဝပေးနိုင်ပါတယ်ဟု Moose ၏သခင်ဖြစ်သူ Cook ကုသရေးစင်တာ၏အတိုင်ပင်ခံ ထရန့်ဒေးဗစ်က ဆိုပါတယ်။

အခုကိုဗစ်ကာလအတွင်းမှာတော့ ဒေါက်တာ Moose က အွန်လိုင်းကနေ တစ်ပတ်လျှင် သုံးရက် တစ်နာရီစီဘဲ ကုသမှု့ခံယူလိုတဲ့ကျောင်းသားများနှင့်တွေ့ပေးနေပြီး အရေးပေါ်ကုသမှု့လိုနေသောသူများအတွက်ကတော့ သူကိုယ်တိုင်ကိုယ်ကျတွေ့ပေး နေပါတယ်။

 


26 May 2020     44,068 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family