BEC-TERO TV

ဆားနဲ့ သန့်ရှင်းရေးလုပ်ကြမယ်

02 Dec 2017     105,246 Views


      ကျွန်မတို့ နေ့စဉ်နေ့တိုင်း စားသုံးနေတဲ့ အရာတွေတိုင်းမှာ မပါမဖြစ်ပါနေတဲ့ “ဆား” က မီးဖိုချောင်တစ်ခုတည်းမှာပဲ အသုံးဝင်တာမျိုးမဟုတ်ဘဲ သန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ အလှအပ ရေးရာတွေမှာလည်း အရမ်းအသုံးဝင်ပါတယ်။ အဲဒီသုံးမျိုးထဲကနေ အခုပထမဆုံး ဆားနဲ့ ဘယ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ ဆိုတာ  Popolay ကနေ ပြောပြပေးမယ်နော်။

၁။ အစွန်းကွက်တွေဖျောက်မယ်
 

အိမ်မှာရှိတဲ့ စားပွဲခုံတွေပေါ်က ဖျက်ရခက်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဝိုင်ကွက်တွေပေါ်မှာ  ဆားကိုဖြူးပြီး အရည်ပျော်တဲ့ အထိခဏထားပါ။ ဆားပျော်သွားရင်တော့ အလွယ်တကူ သုတ်လိုက်လို့ ရပါပြီ။ အဲဒီလိုမျိုး ခွက်တွေမှာ ကော်ဖီ၊ လက်ဖက်ရည် ဂျိုးတွေ ဖြစ်နေရင်တော့ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရှာလကာရည်တစ်ဇွန်းကို စတူရောပြီး စွန်းနေတဲ့ နေရာတွေကို လိုက်သုတ်ပါ။ တစ်နာရီ နှစ်နာရီလောက် အခြောက်ခံပြီး ဆေးချလိုက်ပါ။

၂။ လက်သန့်ရှင်းအောင်
 

ကြက်သွန်နွှာပြီး လက်ကို ဘယ်လိုဆေးဆေး ကြက်သွန်နံ့ မပျောက်တာတို့ အချိုရေတွေကြောင့် လက်ကပ်စီး ကပ်စီးဖြစ်နေတာတို့ Food Colorings တွေလက်မှာစွန်နေပြီး ဘယ်လိုဖျက်ဖျက်မပျက်တဲ့ အခါမျိုးမှာ ဆားနည်းနည်းနဲ့ ရှာလကာရည်ကို လက်ပေါ်တင်ပြီး ပွတ်ဆေးပေးပါ။

၃။ စဉ့်နှီတုံးဆေးမယ်
 
စဉ့်နှီတုံးပေါ်ကို ဆားဖြူး သံပုယိုသီး ထပ်ခြမ်းခြမ်းထားတာနဲ့ လိုက်တိုက်ပေးရင် စဉ့်နှီတုံးပေါ်က သာမန်မျက်စိနဲ့ မြင်နိုင်တဲ့အညစ်အကြေးတွေရော သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ အညစ်အကြေးတွေကိုပါ သန့်စင်စေပါတယ်။

 

၄။ ကြေးနီ၊ ကြေဝါတွေ ပြောင်လက်အောင်
 
ဆားနဲ့ရှာလကာရည်ကို ရောပြီး ကြေးပစ္စည်းတွေကို ဖိပြီးသေသေချာချာ ပွတ်တိုက်ဆေးကြောပြီး အခြောက်ခံလိုက်ရင် ကြေးပစ္စည်းတွေ အရောင်ပြန်တောက်လာပါလိမ့်မယ်။
 
ကျန်းမာရေးနဲ့ အလှအပရေးရာအတွက် ဆားရဲ့ အသုံးဝင်ပုံလေးကို ထပ်တင်ပေးမယ်နော်။

02 Dec 2017     105,246 Views




RELATED

Most Popular of Idea Can Do

Most Popular of Life Style