BEC-TERO TV

အိန္ဒိယကြက်တောင်မယ် ဂူမာဒီကို ရှုံးကြွေးပြန်ဆပ်ခွင့်ရတော့မယ့် သက်ထားသူဇာ

26 Sep 2019     43,264 Views


မနေ့က စတင်ကျင်ပခဲ့တဲ့ Maldives International Challenge 2019 ပြိုင်ပွဲမှာ မြန်မာ့ ကြက်တောင်မယ် သက်ထားသူဇာဟာ သီရိလင်္ကာ နိုင်ငံသူ ဟန်ဒါဟီဝါ (ကမ္ဘာ့အဆင့် 281) နဲ့ ကစားခဲ့ရပြီး 21-9 ၊ 12-21 ၊ 21-8 ရလဒ်တွေနဲ့ ၂-၁ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
 
သက်ထားသူဇာဟာ ယခုပြိုင်ပွဲမှာ ပထမအဆင့်ကသာ စတင်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ယခုယှဉ်ပြိုင်တဲ့ ဟန်ဒါဟီဝါ (ကမ္ဘာ့အဆင့် 281) နဲ့ Maldives Future Series 2019 ပြိုင်ပွဲမှာလဲ ဆုံတွေ ့ဖူးထားပြီး အဲ့အချိန်က သက်ထားသူဇာက ၂ ပွဲပြတ်ဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။

သက်ထားသူဇာဟာ ယခုပြိုင်ပွဲမှာ တစ်ဦးချင်း ကဏ္ဍ မှာရော ၊ အမျိုးသမီး နှစ်ဦးတွဲ ကဏ္ဍမှာပါ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ နှစ်ဦတွဲ ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ်ဖြစ်တဲ့ လှိုင်မွန်ကြူနဲ့ တွဲဖက်ကစားသွားမှာဖြစ်ပါတယ်။
 
မနေ့က ပထမအဆင့်မှာ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ယနေ့ နေ့လည် (၁၂း၁၅)ဒုတိယ အဆင့်မှာ အိန္ဒိယ ကစားသမား ဂူမာဒီ နဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ဘက် ဂူမာဒီက ပထမအဆင့်မှာ အမေရိကန် ကြက်တောင်မယ်ကို ၂ ပွဲပြတ်ဖြင့်အနိုင်ရခဲ့ပါတယ်။

အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲမှာ ပထမ အဆင့်ကို ကျော်ဖြတ် နိုင်ခဲ့ပြီ ဖြစ်လို့ ၊ မနက်ဖြန်မှာ ဒုတိယ အဆင့်ကို ဆက်လက် ကစားသွားရမှာပါ။ ဒီတစ်ကြိမ်မှာတော့ ကမ္ဘာ့အဆင့် 98 မှာ ရှိနေတဲ့ အိန္ဒိယ ကစားသမား ဂူမာဒီ နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဂူမာဒီဟာ 2016 ခုနှစ် က ထိုင်းနိုင်ငံ မှာ ကျင်းပခဲ့တ့ Asia Junior Championship ပြိုင်ပွဲမှာ သက်ထားသူဇာ ကို 2 ပွဲပြတ် နဲ့ အနိုင်ယူထားခဲ့ဖူးပါတယ်။
 
ဒိနေ့မှာ သက်ထားသူဇာဟာ ဂူမာဒီကို ရှုံးကြွေးပြန်ဆပ်နိုင်ဖို့ အခွင့်အရေးတစ်ခုဖြစ်လာပါတယ်။ ဒါကြောင့် သက်ထားသူဇာ နိုင်ပွဲရပါစေလို့ ဆုတောင်းပေးရင်း…..

26 Sep 2019     43,264 Views




RELATED

Most Popular of Special or Others

Most Popular of Sport